လော့စ်အိန်ဂျယ်လိစ်၌ ကျင်းပခဲ့သော VMA ဆုပေးပွဲ၌ ကန်ဒရစ်လာမား ဆုအများဆုံးဆွတ်ခူး

လော့စ်အိန်ဂျယ်လိစ်၌ ကျင်းပခဲ့သော VMA ဆုပေးပွဲ၌ ကန်ဒရစ်လာမား ဆုအများဆုံးဆွတ်ခူး

ရက်ပ်အဆိုတော်ကန်ဒရစ်လာမားသည် သြဂုတ်လ ၂၇ ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်၌ ကျင်းပခဲ့သော သီချင်းဗီဒီယိုဆုပေးပွဲ (VMA) ၌ ဆုပေါင်း ၆ ဆုခန့်ဆွတ်ခူးခဲ့ပြီး ဆုအများဆုံးရရှိသူတစ်ဦး ဖြစ်လာခဲ့သည်။

သူသည် Humble သီချင်းဖြင့် တစ်နှစ်တာအကောင်းဆုံး သီချင်းဗီဒီယိုဆု၊ အကောင်းဆုံးဟစ်ဟော့ပ်အဆိုရှင် ဆုတို့နှင့် အခြားဆုများဆွတ်ခူးခဲ့သည့်အပြင် ထိုဆုပေးပွဲ၌   ဖျော်ဖြေတင်ဆက်မှု   ပြုလုပ်ခဲ့သည်။

တစ်နှစ်တာအကောင်းဆုံး အနုပညာရှင်ဆုကို ဆွတ်ခူးခဲ့သော အက်ဒ်ရှီရန်းသည် ရက်ပ်အဆိုတော် Lil Uzi Vert နှင့်အတူ စတိတ်စင်ပေါ်၌ သီဆိုဖျော်ဖြေပေးခဲ့သော်လည်း   တေလာဆွစ်ကမူ   ဖျော်ဖြေခဲ့ခြင်း မရှိကြောင်း သိရသည်။  ထို့ကြောင့် ပရိတ်သတ်များသည် သူမ၏ သီချင်းဗီဒီယိုအသစ် Look What You Made Me Do ကို ကြည့်ရှုရင်းနဲ့သာ ကျေနပ်ခဲ့ရသည်။

ဆုပေးပွဲအပြီးတွင် YouTube မှတဆင့်ထုတ်လွှင့်ခဲ့သော အဆိုပါသီချင်းဗီဒီယိုကို တစ်နာရီအတွင်း ကြည့်ရှုသူ ငါးသိန်းခန့်ရှိခဲ့သည်။

VMA ဆုပေးပွဲ၌ တေလာဆွစ်သည် ဇိန်းမာလစ်ခ်နှင့် ပူးတွဲသီဆိုထားသော I Don’t Wanna Live Forever သီချင်းအတွက် အကောင်းဆုံးပူးတွဲသီဆိုမှုဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုတော်ကေတီပယ်ရီသည် VMA ဆုပေးပွဲ၌ အစီအစဉ်မှူးအဖြစ် တာဝန်ယူခဲ့ပြီး သူမ၏ Swish Swish သီချင်းကို နီကီမီနာ့ချ်နှင့်အတူ သီဆိုဖျော်ဖြေကာ ဆုပေးပွဲကိုအဆုံးသတ်ခဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly