ပရိသတ်၏ လှောင်ပြောင်မှုကိုခံခဲ့ရသည့် ဘေးလ်မှာ အဓိက ကစားသမားဖြစ်နေဆဲဟု ဇီဒန်းပြော

ပရိသတ်၏ လှောင်ပြောင်မှုကိုခံခဲ့ရသည့် ဘေးလ်မှာ အဓိက ကစားသမားဖြစ်နေဆဲဟု ဇီဒန်းပြော

သြဂုတ် ၂၈၊ မက်ဒရစ်။          ။ တနင်္ဂနွေနေ့က ကစားခဲ့သောပွဲစဉ်တွင်ပရိသတ်များ၏လှောင်ပြောင်ခြင်းကိုခံခဲ့ရသော်လည်း ဂါရတ်ဘေးလ်သည် စပိန်နှင့် ဥရောပချန်ပီယံရီးယဲလ်မက်ဒရစ်အသင်းအတွက် အဓိက ကစားသမားတစ်ဦးအဖြစ်ရှိနေဆဲဖြစ်ကြောင်း နည်းပြဇီဒန်းက ပြောသည်။

ဘာနေဗျူးတွင် ဗလင်စီယာအသင်းနှင့် နှစ်ဂိုးစီသရေကျသည့်ပွဲ၌ ဂါရတ်ဘေးလ်သည် အိမ်ကွင်းပရိသတ်များ၏ အလွန်အကျွံ အာရုံစိုက်ခြင်းခံခဲ့ရသည်။

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းနှင့် သတင်းထွက်နေသည့် အသက် ၂၈ နှစ်အရွယ်ဝေးလ် လက်ရွေးစင်သည် နှစ်ဂိုးသွင်းယူပြီးခြေစွမ်းပြခဲ့သည့် အသင်းဖော်အဆန်ဆီရို၏   နောက်တွင်ရောက်နေခဲ့ပြီး လူစားဝင်လာချိန်တွင် ပရိသတ်များ၏လှောင်ပြောင်မှုကိုခံခဲ့ရသည်။

“သူကအသင်းမှာ အဓိက ကစားသမားတစ်ယောက်ပါ။ ဘေးလ်က ဘေးလ်ပါပဲ။ ကျွန်တော်တို့ဆက်ပြီးကြိုးစားနေပြီး ဘေးလ် အပေါ်မှီခိုနေရပါတယ်။ တခြားကစားသမားတွေလိုပဲပေါ့။

သူ့ရဲ့အခြေအနေက ကောင်းပါတယ်။ ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဂိုးအဖြစ်တော့မပြောင်းနိုင်ခဲ့ဘူး။ ကျွန်တော်တို့ဒါကို ဆက်ပြီး ကြိုးစားရဦးမှာပါ။

ကျွန်တော့်ကစားသမားတွေအပေါ် လုံးလုံးလျားလျားဆန့်ကျင်ပြီး အပြစ်မတင်နိုင်ပါဘူး။ သူတို့ရဲ့အားထုတ်မှုကို ကျေနပ်ပါတယ်” ဟု ဇီဒန်းက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly