မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးရှောင်ပြည်သူ (၈၀၀၀၀)ခန့် ရှိလာ

မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးရှောင်ပြည်သူ (၈၀၀၀၀)ခန့် ရှိလာ

မကွေး သြဂုတ် ၂၇ ။        ။ ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် သြဂုတ်လ ၂၇ရက်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၉) မြို့နယ်မှ ပြည်သူလူဦးရေ (၈၀၀၀၀)ခန့် ရေဘေးရှောင်နေရသည်ဟု မကွေးတိုင်းဒေသကြီးကယ် ဆယ်ရေးနှင့်ပြန်လည် နေရချထားရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း အောင်လံမြို့နယ်မှ လူဦးရေ (၄၀၀၀)၊ သရက်မြို့နယ်မှ လူဦးရေ (၁၄၇၅)ဦး၊ ကံမမြို့နယ်မှ လူဦးရေ (၁၈၀၀)၊ မင်းလှမြို့နယ်မှ လူဦးရေ (၅၈၀)၊မင်းဘူးမြို့နယ်မှ လူဦးရေ (၄၉၇၇) ဦး၊ ရေစကြိုမြို့နယ်မှ လူဦးရေ(၂၁၇၇) ဦး၊ ပခုက္ကူမြို့နယ်မှ လူဦးရေ(၁၀၄၁)ဦး၊ ရေနံချောင်းမြို့နယ်မှ လူဦးရေ(၃၅၀၀)၊ ချောက်မြို့နယ်မှ လူဦးရေ( ၂၇၀၀) ရေဘေးရှောင် နေရသည်ဟု မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည် နေရချထားရေး ဦးစီးဌာနက အတည်ပြုသည်။

မကွေးတိုင်းအတွင်း မြစ်ရေကြီးမည်ဆိုသည့် အကြောင်းများကို ကြိုတင်အသိပေးထားသဖြင့် မြစ်ရေမကြီးခင် ကြိုတင်ပြောင်းရွေ့မှုများ ပြုလုပ်ထားသောကြာင့်လူအသေအပျောက် တိရိစ္ဆာန် ပစ္စည်းဆုံးရှုံးမှုများ မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ထုံးစံအတိုင်းရေးဘေးရှောင်နေရတဲ့ ပြည်သူတွေကို ရေဘေးလွတ်ရာတွေကို ရေဘေးရှောင်ခိုင်းထားတယ်။ စားနပ်ရိက္ခာအတွက် လူတစ်ဦးကို (၇)ရက်စာ ဆန်ထောက်ပံ့ပေး ပါတယ်။ ရေပြန်ကျလို့ ပြန်မယ့် ရေဘေးရှောင် ပြည်သူတွေကို သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာတွေ။ လူမှုရေးအသင်းတွေနဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးသွာမှာပါ” ဟု မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည် နေရချထားရေးဦးစီးဌာန တိုင်းဦးစီး ဦးမြင့်စိုးက ပြောသည်။

ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း၊ မင်းဘူး ဘက်တို့တွင် မြစ်ရေတစ်ဖြေးဖြေး ကျဆင်းလာသော်လည်း အောက်ဘက်မြစ်ကမ်းနှင့် နီးသော မြို့နယ်များတွင် မြစ်ရေကြီးနေဆဲ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လက မကွေးတိုင်းဒေသကြီးအတွင်း ပထမအကြိမ်မြစ်ရေကြီးခဲ့သဖြင့် မြို့နယ်(၁၂)နယ်မှ ပြည်သူ (၈၀၀၀၀)သောင်းကျော် ရေဘေးလွတ်ရာ ရှောင်နေခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly