ဆောက်သမ်း၊ GFA အသင်း တို့နိုင်ပွဲဆက်ကာ မောရဝတီအသင်း ရှုံးပွဲဆက်

ဆောက်သမ်း၊ GFA အသင်း တို့နိုင်ပွဲဆက်ကာ မောရဝတီအသင်း ရှုံးပွဲဆက်
ရှုံးပွဲမရှိစံချိန်ဖြင့် တန်းတက်ရန် ရေပန်းအစားဆုံးဖြစ်နေသော ဆောက်သမ်းအသင်း။ (ဓာတ်ပုံ - MFF)

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၄ တွင် ဆောက်သမ်းအသင်း၊ GFA အသင်း၊ Horizon အသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့မှာ နိုင်ပွဲဆက်နေပြီး နှစ်ပွဲဆက် ရှုံးပွဲ ဆက်နေသော မောရဝတီအသင်းမှာ ရာသီကုန်တွင် တန်းတက်ရန် မျှော်လင့်ချက် မှေးမှိန်သွားပြီ ဖြစ် သည်။

ပွဲစဉ် ၁၄ တွင် Horizon အသင်းက မြဝတီအသင်းကို ၂-၁ ဂိုး၊ ဒဂုံအက်ဖ်စီအသင်းက Best United အသင်းကို ၂-၁ ဂိုး၊ ဆောက်သမ်းအသင်းက ဖုန်ဂန်အသင်းကို ၃-၀ ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး တက္ကသိုလ် လက်ရွေးစင်အသင်းနှင့် ငွေကြယ်ပွင့် အသင်းတို့မှာ တစ်ဘက် တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။

မောရဝတီအသင်း ပွဲစဉ် ၁၄ တွင်လည်း GFA အသင်းကို ၁-၀ ဂိုးဖြင့်  ရှုံးနိမ့်ခဲ့သောကြောင့် အမှတ် ပေးဇယား ထိပ်ဆုံးမှ ဆောက်သမ်းအသင်းနှင့် ရမှတ် ၁၆ မှတ်ထိ ကွာဟသွားသဖြင့် ရာသီကုန်တွင် တန်းတက်ရန် မျှော်လင့်ချက် မရှိသလောက် မှေးမှိန်သွားပြီ ဖြစ်သည်။

ပွဲစဉ် ၁၄ ပွဲစီ ကစားပြီးချိန်တွင် ဆောက်သမ်းအသင်းက ၁၂ ပွဲနိုင်၊ နှစ်ပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး ၌ ဦးဆောင်နေပြီး ဒုတိယနေရာတွင် GFA အသင်းက ရမှတ် ၃၂ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၃ နေရာတွင် Horizon အသင်းက ရမှတ် ၂၈ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၄ နေရာတွင် ဒဂုံအက်ဖ် စီအသင်းက ရမှတ် ၂၅ မှတ်ဖြင့် ရပ်တည်နေသည်။ Horizon အသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့မှာ တန်းတက်ခွင့် တစ်နေရာအတွက် ကြိုးပမ်းနေသော အသင်းများ ဖြစ်သည်။

အမှတ်ပေးဇယားအဆင့် ၅ နေရာတွင် မောရဝတီအသင်းက ရမှတ် ၂၂ မှတ်ဖြင့် ရပ်တည် နေပြီး အဆင့် ၆ တွင် မြဝတီအသင်းက ရမှတ် ၂၁ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၇ နေရာတွင်ငွေကြယ်ပွင့် အသင်းက ရမှတ် ကိုးမှတ်ဖြင့်လည်းကောင်း၊ အဆင့် ၈ နေရာတွင် Best United အ သင်းက ရမှတ် ရှစ်မှတ်ဖြင့်လည်းကောင်း၊ အဆင့် ၉ နေရာတွင် တက္ကသိုလ်လက်ရွေးစင်အသင်း က ရမှတ် ခုနစ် မှတ်ဖြင့်လည်းကောင်း၊ အဆင့် ၁၀ နေရာတွင် ဖုန်ဂန်အသင်းက ရမှတ် လေးမှတ်ဖြင့် လည်းကောင်း အသီးသီး ရပ်တည်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly