ပဲတင်​ပို့ခွင်​့ အိန္ဒိယမှ ရပ်ဆိုင်းလိုက်သည့်အပေါ် အစိုးရမှ ဖြေရှင်​း​ပေးသင်​့

ပဲတင်​ပို့ခွင်​့ အိန္ဒိယမှ ရပ်ဆိုင်းလိုက်သည့်အပေါ် အစိုးရမှ ဖြေရှင်​း​ပေးသင်​့
ဓာတ်ပုံ - ကိုမိုးကျော်

ရန်​ကုန်​၊သြဂုတ်​၂၆ ။                   ။ တင်​ပို့ခွင်​့မပြု​တော့သည်​့ ပဲကိစ္စကို အစိုးရအနေဖြင့် ဖြစ်​​အောင်​​ဖြေရှင်​း​ပေးသင်​့​ကြောင်​း မန္တ​လေးကုန်​စည်​ဒိုင်​ဥက္ကဋ္ဌ ဦး​ကျော်​သွင်​က ​ယနေ့ သြဂုတ်လ ၂၆ ရက်တွင် ပြောသည်​။

"ဒါက အမျိုးသား​ရေးအဆင်​့လိုဖြစ်​သွားတာ ။ နိုင်​ငံ​တော်​အဆင်​့လိုဖြစ်​သွားတာ သိပ်​ကိုကြီးကျယ်​သွားပြီ ။ အဓိက​အ​ခြေခံလူတန်​းစား၊  ပြီး​တော့​ တောသူ​တောင်​သား စိုက်​ပျိုးတဲ့သူ​တွေ သူတို့ကအဓိကအထိခိုက်​ဆုံးပဲ။ သူတို့ထိခိုက်​​တော့ ကျန်​တာဘာမှလုပ်​လို့မရဘူး​လေ ။ အများစုကသူတို့ပဲရှိတာကို ။ အဲဒါကိုဝိုင်​းဝန်​းကာကွယ်​ရမှာပဲ ။ အိန္ဒိယဘက်​ကမဝယ်​လည်​း ဒီက​တော့ဖြစ်​​အောင်​​ဖြေရှင်​း​ပေးရမှာပဲ"ဟု မန္တ​လေးကုန်​စည်​ဒိုင်​ဥက္ကဋ္ဌ ဦး​ကျော်​သွင်​က ​ပြောသည်​။

ပြည်​တွင်​းပဲ​စျေးကွက်​အ​နေဖြင်​့ ရန်​ကုန်​မြို့ဘုရင်​့​နောင်​ကုန်​စည်​ဒိုင်​၌ ​စျေးကွက်​ပိတ်​ထားပြီး မန္တ​လေးကုန်​စည်​ဒိုင်​တွင်​ ​စျေးကွက်​ဖွင်​့ထား​သော်​ငြား ရန်​ကုန်​​ပေါ်မူတည်​ပြီးအလုပ်​လုပ်​ရသည်​ဖြစ်​၍ တူတူနီးပါဖြစ်​​နေသည်​ဟု ဦး​ကျော်​သွင်​က​ဆိုသည်​။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.Vikram Misri က အိန္ဒိယနိုင်ငံ၏ ယခုနှစ် ပဲထွက်ရှိမှုသည် ယခင်နှစ်များထက် (၄၀% )ဝန်းကျင် ပိုမိုထွက်ရှိရာ ပြည်တွင်း ပဲစျေးနှုန်းများကျဆင်းလာပြီး၊ ပဲစိုက်တောင်သူများအား ထိခိုက်မည့်အခြေအနေဖြစ်နေသဖြင့် ပြည်ပမှ ပဲတင်သွင်းမှုကို တန်ချိန် ကန့်သတ်လိုက်ရခြင်းဖြစ်ကြောင်း ယ​နေ့သြဂုတ်​(၂၆)ရက်​ စက်​မှုကုန်​သည်​အသင်​းချုပ်​တွင်​ အစည်းအဝေးတွင် ​ပြောကြားခဲ့သည်​။

"နိုင်​ငံ​တော်​အဆင်​့Crisisဖြစ်​နိုင်​လားဆိုတာက​တော့ အားလုံးအ​ပေါ်မှာမူတည်​ပါတယ်​ ။ ဒီ​လောက်​ Awareness ရှိ​နေပြီးသားက​တော့ ဖြစ်​ဖို့ခဲယဉ်​းပါလိမ်​့မယ်​ ။ ဘာ​ကြောင်​့လဲဆို​တော့ UMFCCI ပဲကုန်​သည်​အသင်​း​တွေ ​နောက်​တစ်​ခုက စိုက်​ပျိုး​ရေးဝန်​ကြီးဌာန သက်​ဆိုင်​ရာပဲကုန်​စည်​ဒိုင်​က ဒါ​တွေရှိ​နေပြီဖြစ်​တဲ့အတွက်​​ကြောင်​့မို့လို့ ဆိုးဆိုးရွားရွားဖြစ်​စရာအ​ကြောင်​း မရှိ​တော့ပါဘူး"ဟု ကုန်​သည်​စက်​မှုအသင်​းချုပ်​(UMFCCI)မှ ဦး​အောင်​ကြည်​စိုးက သုံးသပ်​သည်​။

သို့​သော်​"နောင်​နှစ်​ခုလာမယ့်​့ထွက်​မယ်​့ပဲ​တွေရယ်​ လက်​ကျန်​ပဲ​တွေရယ်​​ပေါင်​းလိုက်​ရင်​ ​တော်​​တော်​များသွားပြီ လက်​ကျန်​ကအခု၁သိန်​း​လောက်​ရှိရင်​ ​နောင်​က၂သိန်​း၃သိန်​းထွက်​ဦးမှာ ၁၁လပိုင်​းဆိုထွက်​ပြီ အဲဒီလက်​ကျန်​ပဲ​တွေနဲ့ အသစ်​ထွက်​မယ်​့ပဲ​တွေ​ပေါင်​းလိုက်​ရင်​ တန်​ချိန်​ ၃၊၄သိန်​းပြန်​ဖြစ်​သွားမှာအဲဒီဟာ​တွေကို အိန္ဒိယမဝယ်​ဘူးဆိုရင်​ ဒီမြန်​မာပြည်​ရှိတဲ့သက်​ဆိုင်​ရာဌာနဝန်​ကြီး​တွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်​း​​တွေနဲ့ချိတ်​ဆက်​ပြီး ဖွဲ့ပြီး​တော့ ပဲ​တွေဝယ်​ယူ​ပေးဖို့က အဓိက​ပေါ့​နော်​ အဲဒါ​တွေ ပဲဝယ်​​ပေးဖို့ရာအတွက်​ အဖွဲ့အစည်​းတစ်​ခုဖွဲ့စည်​းသင်​့​ကြောင်​း တင်​ပြတယ်​"ဟု မန္တ​လေးကုန်​းစည်​ဒိုင်​ဥက္ကဋ္ဌ ဦး​ကျော်​သွင်​က​ပြောသည်​။

အိန္ဒိယနိုင်​ငံတစ်​ခုတင်​မဟုတ်​ပဲ အခြား​သောနိုင်​ငံများသို့ပါ ပဲတင်​ပို့ရန်၊ ထွက်​လာသည်​့ပဲများအား ကုန်​​ချောအဖြစ်​လုပ်​ရန်​၊ ​တောင်​သူများအ​နေဖြင်​့  မြေအမျိုးအစားအလိုက်​ ​ပြောင်​းလဲစိုက်​ပျိုး​ပေးရန်​စသည်တို့အပါအဝင်​ အချက်​၁၀ချက်​အား ယမန်​​နေ့သြဂုတ်​လ ၂၅ ရက်​​​နေ့က ​ဆွေး​နွေးခဲ့ကြသည်​ဟု ဦး​ကျော်​သွင်​က​ ပြောပြသည်​။

မြန်​မာမှ အိန္ဒိယသို့ပဲတင်​ပို့မှုသည်​ ၁၉၇၈ခုနှစ်​ ရာဂျစ်​ဂန္ဓီမြန်​မာနိုင်​ငံသို့လာ​ရောက်​သည်​့ခရီးစဉ်​မှ စတင်​ခဲ့ပြီး နှစ်​(၃၀)ကြာပူး​ပေါင်​း​ဆောင်​ရွက်​မှုတွင်​ ပထမဦးဆုံးဖြစ်​ပွားသည်​့ ပဲတင်​ပို့မှုလက်​မခံ​တော့ခြင်​းဖြစ်​သည်​ဟု မြန်​မာနိုင်​ငံပဲအမျိုးမျိုးနှင်​့နှမ်​းကုန်​သည်​များအသင်​းချုပ်​ ဥက္ကဋ္ဌ ဦးထွန်​းလွင်​က​ပြောသည်​ဟု ကုန်​သည်​စက်​မှုအသင်​းချုပ်​မှ ​ဖော်​ပြထားသည်​။

​လာမည်​့စက်​တင်​ဘာလ(၆)ရက်​တွင်​လည်​း နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ဒေါ်​အောင်​ဆန်​းစုကြည်​နှင်​့ အိန္ဒိယဝန်​ကြီးချုပ်​တို့ မြန်​မာနိုင်​ငံ၌​တွေ့ဆုံရန်​ရှိ​နေသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly