မြန်မာနိုင်ငံဖက်မှ ဘင်္ဂါလီများ ထောင်နဲ့ချီပြီး နယ်စပ်မှာ သောင်တင်နေဟု ဘင်္ဂလားဒေ့ရှ်ဘက်က ပြော

မြန်မာနိုင်ငံဖက်မှ ဘင်္ဂါလီများ ထောင်နဲ့ချီပြီး နယ်စပ်မှာ သောင်တင်နေဟု ဘင်္ဂလားဒေ့ရှ်ဘက်က ပြော
မောင်တော နှစ်နိုင်ငံနယ်စပ်အနီး မြင်ကွင်း

သြဂုတ် ၂၆ ။                   ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် ထွက်ပြေးလာတဲ့ ဘင်္ဂါလီ မွတ်ဆလင် ၁,၀၀၀ လောက်ဟာ ယခုအခါ ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်နားမှာ သောင်တင်နေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်လုံခြံုရေးတာဝန်ရှိသူတွေက သြဂုတ် ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

ယမန်နေ့ သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူဦးရေဟာ စုစုပေါင်း ၈၉ ဦး အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း မြန်မာ့တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ယမန်နှစ် အောက်တိုဘာလက အလားတူ လုံခြံုရေးစခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ် နောက်ပိုင်း ယခုတစ်ကြိမ်မှာလည်း ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ယနေ့ သြဂုတ်လ ၂၆ ရက်မှာလည်း အနည်းဆုံး တိုက်ပွဲတစ်ခုထိ ဆက်ရှိနေဆဲဖြစ်ကြောင်း မြန်မာလုံခြံုရေး အရင်းအမြစ်တစ်ခုက ပြောပါတယ်။

ယခုလို ရခိုင်ပြည်နယ်က လုံခြံုရေးစခန်းတွေ အချိန်တပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း   ပြစ်တင်ရှုတ်ချထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly