မဘိမ်း-မြစ်ဆုံကူးတို့ဆိပ်တွင် အိပ်နေသောသူတစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မဘိမ်း-မြစ်ဆုံကူးတို့ဆိပ်တွင် အိပ်နေသောသူတစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မဘိမ်း သြဂုတ်လ ၂၆ ။                ။ မဘိမ်းမြို့နယ် မဘိမ်း-မြစ်ဆုံကူးတို့ဆိပ်ရှိ ကူးတို့စောင့်တဲတွင်အိပ်နေသောသူတစ်ဦးထံမှ မူးယစ်ဆေးဝါးများအား သြဂုတ်လ၊ နံနက် ၂ နာရီ ၅ မိနစ်အချိန်တွင် ဖမ်းဆီးရမိကြောင်း မဘိမ်းမြို့မရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ  မဘိမ်းမြို့နယ် ဘဟဲကျေးရွာအုပ်စု မဘိမ်း-မြစ်ဆုံ ရွှေလီမြစ်ကူး ကူးတို့ဆိပ်ရှိ ကူးတို့စောင့်တဲတွင် မသင်္ကာဖွယ်ရာလူတစ်ဦး အိပ်နေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက်အရ သွားရောက်ရှာဖွေစစ်ဆေးခဲ့သည်။

အိပ်နေသောသူသည် ဟဲဖူး(ကျား) အသက်(၃၂)နှစ် (ဘ)ဦးဗျာလေး လီဆူး/ခရစ်ယာန် ရွှေကူရပ်ကွက် မိုးကုတ်မြို့နယ် မန္တလေးတိုင်းဒေသကြီးနေသူ ဖြစ်ပြီး ၄င်း၏ခန္ဓာကိုယ်အားရှာဖွေရာ ၄င်းလွယ်ထားသော အနက်ရောင်လွယ်အိတ်အတွင်းမှ ဘိန်းဖြူ ဟု ယူဆရသော ဖြူ /ဝါရောင်အမှုန့်(၁၁)ဂရမ်ပါ အစိမ်းရောင်ဆပ်ပြာခွက်(၁)ခွက် အလေးချိန် (၁၁)ဂရမ်နှင့် WYဆေးပြား(၂၀၀)ပြား စီပါ(၁၀)ထုပ် စုစုပေါင်းဆေးပြား(၂၀၀၀)ပြား စုစုပေါင်း အလေးချိန်(၁၈၀)ဂရမ်တို့အား ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိသူဟဲဖူးအား သြဂုတ်လ ၂၅ ရက်၊ နံနက် ၉နာရီ ၅မိနစ်အချိန် မဘိမ်းမြို့မရဲစခန်းတွင် မယ(ပ)၄၃/၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly