နေမာရဲ့ လစ်လပ်နေရာကို ဒမ်ဘီလီ ဖြည့်ပေးနိုင်မယ် - ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ

နေမာရဲ့ လစ်လပ်နေရာကို ဒမ်ဘီလီ ဖြည့်ပေးနိုင်မယ် - ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက တိုက်စစ်မှူး အူစမာနီဒမ်ဘီလီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၀၅ သန်းဖြင့် အရခေါ်ယူနိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှားနေခဲ့ပြီး နေမာရဲ့ လစ်လပ်နေရာကို ဒမ်ဘီလီက ဖြည့်ပေးနိုင်မယ်တယ်လို့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး အူစမာနီဒမ်​ဘီလီကို ခေါ်ယူဖို့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း စပိန်ကလပ် ဘာစီလိုနာက အစောပိုင်းက ကြေညာခဲ့ပါတယ်။

"ကျနော်တို့မှာ တစ်ခုခု ဆုံးရှုံးရခဲ့ရပြီး ကျနော်တို့ လစ်ဟာနေတဲ့ နေရာကို အစားထိုးဖို့ တစ်ခုခု လိုအပ်ခဲ့ပါတယ်"လို့ နည်းပြ ဗယ်လ်ဗာဒီက အလာဗတ်စ်နဲ့ ကစားရမယ့် လာလီဂါပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"သူက ဘယ်ခြမ်း ညာခြမ်း နှစ်ခုလုံးကနေ တိုက်စစ်ကစားသလို အထောင်တိုက်စစ်အနေနဲ့လည်း ကစားနိုင်သူပါ။ ဒါ့ကြောင့် ရွေးချယ်စာရာ သူအတွက် အများကြီးဖြစ်လာပါတယ်။ သူဟာ အလွန်လျင်မြန်တယ်၊ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ကစားတယ်။ နည်းစနစ် ကျွမ်းကျင်မှု ပြည့်ဝတယ်။ သူ့ဟာ အရာအများအပြား အသင်းဆီ ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ကျနော်တို့ဟာ ဒီအပြောင်းအရွှေ့ ခေါ်ယူမှုအတွက် စိတ်လှုပ်ရှားခဲ့ပါတယ်။ ကျနော်တို့  ရှုံးဆုံးခဲ့တဲ့ နေရာ တစ်ခုအတွက် ကျနော်တို့ သူ့ကို ရရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။"

မကြာသေးမီက ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့သွားတဲ့ ဘာစီလိုနာကစားသမားဟောင်း နေမာနှင့် ဒမ်ဘီလီကို နှိုင်းယှဉ်ဖို့ မေးမြန်းတဲ့အခါမှာတော့ နည်းပြ ဗယ်လ်ဗာဒီက "ခြားနားချက်က အခြေခံသဘောတရားဖြစ်ပါတယ်။ ဒမ်ဘီလီက ကျနော်တို့နဲ့ ရှိနေပြီး နေမာက ရှိမနေပါဘူး"လို့ ဖြေကြားခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly