မြို့ပြ​နေအမျိုးသမီးများ ​ဘေးကင်​းလုံခြံုမှုနှင့်​့စပ်​လျင်​း၍ ​ဆွေး​နွေးပွဲပြုလုပ်​

မြို့ပြ​နေအမျိုးသမီးများ ​ဘေးကင်​းလုံခြံုမှုနှင့်​့စပ်​လျင်​း၍ ​ဆွေး​နွေးပွဲပြုလုပ်​
ဓာတ်ပုံ-သူရ
 

ရန်​ကုန်​၊သြဂုတ်​၂၅ ။         ။ မြို့ပြ​နေအမျိုးသမီးများ၏ ​ဘေးကင်​းလုံခြံုမှုနှင်​့ စပ်​လျင်​း၍ ​မြို့နယ်​အဆင်​့ အစိုးရများနှင်​့ မြို့နယ်​ခံပြည်​သူများ မျက်​နှာစုံညီ​ဆွေး​နွေးပွဲတစ်​ခုကို ယ​နေ့သြဂုတ်​၂၅မနက်​ပိုင်​းက ရန်​ကုန်​မြို့ Summit Park View ဟိုတယ်​၌ ပြုလုပ်​ခဲ့သည်​။

အမျိုးသမီးများ၏လုံခြံုမှုရရှိ​စေရန်​ ​ဆောင်​ရွက်​သင်​့သည်​များကို ​ထောက်​ပြ​ဆွေး​နွေးခဲ့ကြပြီး အစိုးရ၏ပြည်​သူ့ဝန်​​ဆောင်​မှုများအား​ကောင်​းလာ​စေရန်​အတွက်​ ရည်​ရွယ်​ချက်​ဖြင်​့ Action Aid Myanmar Swedenနိုင်​ငံအဖွဲ့အစည်​း၊ Safe Cities For Women Myanmar နှင်​့ မဇ္စျိမမီဒီယာတို့ပူး​ပေါင်​းပြုလုပ်​ခြင်​းဖြစ်​သည်​။

"ကျွန်​​တော်​တို့နိုင်​ငံက အမျိုးသမီးပတ်​သက်​ပြီး​တော့ နည်​းမျိုးစုံနဲ့အကြမ်​းဖက်​မှုမျိုးကို ရင်​ဆိုင်​​နေရတယ်​ဆိုရင်​လည်​း မမှားပါဘူး ကျွန်​​တော်​တို့နိုင်​ငံပဲလားဆို​တော့ ကမ္ဘာအရပ်​ရပ်​မှာရှိတဲ့ ဖွံ့ဖြိုးဖို့အတွက်​ကို ကြိုးစား​နေတဲ့ နိုင်​ငံတိုင်​းမှာ လိုလိုရှိ​နေတာပါ ။ ကျွန်​​တော်​တို့ နိုင်​ငံအ​နေနဲ့ကလည်​း အခုမှ ရုတ်​ချည်​း​ကောက်​ဖြစ်​လာတာ မဟုတ်​ပါဘူး။ အခု​ခေတ်​​ အ​ခြေအ​နေက ပိုမိုပွင်​့လင်​းမြင်​သာလာတဲ့​ခေတ်​တစ်​ခုကို​ ရောက်​ရှိလာတဲ့ အ​ခြေအ​နေလည်​း ရှိပါတယ်​။ လူမှု​ရေးစာမျက်​နှာ​တွေကလည်​း အင်​မတန်​မှ ကျယ်​ပြန်​့တဲ့အခါမှာ တစ်​ခုခုဖြစ်​ပြီဆိုရင်​ နာရီမိနစ်​စက္ကန်​့မလပ်​ သိသွားတာများပါတယ်​ ​။ နောက်​တစ်​ချက်​ကလည်​းပဲ ပိုမိုယုံကြည်​အားကိုးလာတဲ့အ​တိုင်​း တာ​တွေလည်​းရှိပါတယ်​ ။ ငါတို့ဒီလိုမျိုးတိုင်​မယ်​ဆိုရင်​ ငါတို့အတွက်​ ထိ​ရောက်​တဲ့ဥပ​ဒေကာကွယ်​မှု​တွေ​ဆောင်​ရွက်​​ပေးနိုင်​မယ်​ဆိုတဲ့ဟာ​တွေကိုလည်​း သိရှိတဲ့အတွက်​ ပြည်​သူ​တွေဟာအားကိုးတ​ကြီးနဲ့ တိုင်​ကြားလာ တာလည်​း ရှိသလို မသိမသာနဲ့တိမ်​မြှုပ်​​ပျောက်​ကွယ်​သွားတာ​တွေလည်​း ရှိပါတယ်​"ဟု လူမှု​ရေးနှင်​့ အမျိုးသား စီမံခန်​့ခွဲ​ရေး​ကော်​မတီမှ အတွင်​း​ရေးမှူး ဦးညီညီက​ မိန်​့ ခွန်​းတွင်​​ ပြောခဲ့သည်​။

အဆိုပါပွဲသို့ ရန်​ကုန်​တိုင်​းလွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ စည်​ပင်​သာယာ​ရေး​ကော်​မတီမှ တာဝန်​ရှိသူများ၊ လူမှုဝန်​ထမ်​းဌာနမှ တာဝန်​ရှိသူများ၊ အမျိုးသမီး​ရေးရာဌာနမှ တာဝန်​ရှိသူများ တက်​​ရောက်​ခဲ့ကြသည်​။

မြို့ခံ​ပြည်​သူများအ​နေဖြင်​့ ​ဒေါပုံမြို့နယ်​၊ ဒလမြို့နယ်​၊ လှိုင်​သာယာမြို့နယ်​၊ သာ​ကေတမြို့နယ်​၊ အင်​းစိန်​မြို့နယ်​အပါအဝင်​ မြို့နယ်​(၇)ခုက ​စေတနာ့ဝန်​ထမ်​းများက တက်​​ရောက်​ခဲ့သည်​။

မြို့ပြ​နေ​အမျိုးသမီးများ​ ဘေးကင်​းလုံခြံု​ရေးအတွက်​ လမ်​းမီးတိုင်​များထားရှိ​ပေး​ရေး၊ အမှိုက်​ပုံများ စနစ်​တကျ ထားရှိ​ပေး​ရေး၊ ​ကောင်​းမွန်​​သောကျန်​းမာ​ရေး​စောင်​့​ရှောက်မှုရရှိ​စေ​ရေး​နှင်​့ တရားဥပ​ဒေစိုးမိုး​ရေးကိစ္စရပ်​များကို တာဝန်​ရှိသူများနှင်​့ ပြည်​သူများ အပြန်​အလှန်​ဆွေး​နွေးခဲ့ကြသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly