၂၀၁၆-၁၇ ယူရိုပါလိဂ်အကောင်းဆုံး ကစားသမားဆုကို ပေါ့ဂ်ဘာရရှိ

၂၀၁၆-၁၇ ယူရိုပါလိဂ်အကောင်းဆုံး ကစားသမားဆုကို ပေါ့ဂ်ဘာရရှိ

သြဂုတ် ၂၅၊ မိုနာကို ။         ။ ယူရိုပါလိဂ်အုပ်စုမဲခွဲပွဲ အခမ်းအနားနှင့်အတူ ၂၀၁၆-၁၇ ရာသီ၏ယူရိုပါလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲကို တစ်ပြိုင်တည်းကျင်းပခဲ့ရာ မန်ယူကွင်းလယ်ကစားသမားပေါ့ဂ်ဘာက အကောင်းဆုံးဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

ပေါ့ဂ်ဘာသည် အသင်းဖော်များဖြစ်သော အီဗရာဟီမိုဗစ်နှင့် အမ်ခီတာရန်တို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ယူရိုပါလိဂ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ်ပေးအပ်ခြင်းဖြစ်သည်။

ပေါ့ဂ်ဘာသည် ယမန်နှစ်ရာသီက မန်ယူအသင်းအတွက် ယူရိုပါလိဂ်ပွဲစဉ် ၁၅ ပွဲပါ၀င်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူပေးခဲ့သည်။

မန်ယူအသင်း၏သမိုင်းတွင် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဖလားရယူရာ၌ ပေါ့ဂ်ဘာမှာ အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags