မသန်​စွမ်​းသူများအား ခွဲခြားသည်​့ အလုပ်​ခေါ်စာများ ​ပြင်​ဆင်​သင်​့

မသန်​စွမ်​းသူများအား ခွဲခြားသည်​့ အလုပ်​ခေါ်စာများ ​ပြင်​ဆင်​သင်​့
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်​ကုန်​၊ သြဂုတ်​လ၂၅ ။                ။ အလုပ်​​ခေါ်စာများတွင်​ မသန်​စွမ်းများအား ခွဲခြားသည်​့ အသုံးအနှုန်​းမျိုး ထည်​့သွင်​းခြင်​းများကို ပြန်​လည်​စဉ်​းစား ပြင်​ဆင်​ရန်​သင်​့သည်ဟု ရန်​ကုန်​တိုင်​း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ လူမှု​ရေးနှင်​့ စီမံခန်​့ခွဲ​ရေ​​းကော်​မတီအတွင်​း​ရေးမှူး ဦးညီီညီက ဆိုသည်​။

" ဒီအချက်​အလက်​ကလည်​း ပြန်​လည်​​ဆွေး​နွေးဖို့ ပြုပြင်​ဖို့လိုအပ်​ပါတယ်​ ။ အထူးသဖြင့် သန်​စွမ်​းပြီး​တော့ ၊ မသန်​စွမ်​း​လောက်​ အသုံးမတည်​့သူ​တွေ အများကြီးဖြစ်​​နေပါတယ်​ ။ မသန်​သော်​လည်​းစွမ်​း​နေကြတာအများကြီးရှိတဲ့အတွက်​ ကိုယ်​လက်​အင်္ဂါသန်​စွမ်​းရမယ်​ဆိုတဲ့ဟာမျိုး​တွေက​တော့ ချွင်​းချက်​အ​နေနဲ့ထားပြီး​တော့ ဖယ်​သင်​့ရင်​လည်​းဖယ်​ရလိမ်​့မယ်​လို့ ​ပြောချင်​ပါတယ်​ခင်​ဗျ"ဟု ရန်​ကုန်​တိုင်​း​ဒေသကြီး လူမှု​ရေးနှင်​့စီမံခန်​့ခွဲ​ရေ​​းကော်​မတီအတွင်​း​ရေးမှူး ဦးညီီညီက ​ပြောသည်​။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးညီညီက ရန်ကုန်မြို့ Summit Park view ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့်   မြို့ပြနေအမျိုးသမီးများ ဘေးကင်းလုံခြံုမှုဆိုင်ရာ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

မသန်​စွမ်​းများကို ဖယ်​ကျဉ်ထားသည်​ထက်​ ​ရှေ့တန်​းတင်​​ပေးသင်​့ပြီး သန်​စွမ်​းသူများထက်​​​ အလုပ်​ပိုမိုကြိုးစားသည့် မသန်​စွမ်​းများလည်​းရှိ​နေ​ကြောင်​း သူက ဆက်​​ပြောသည်​။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၏ အလုပ်ခေါ်စာတွင် ဖော်ပြထားသော အရည်အချင်း သတ်မှတ်ချက် အမှတ်စဉ်(၂) (ဃ)တွင်​ ကိုယ်​လက်​အင်္ဂါသန်​စွမ်​းသူဖြစ်​ရမည်​ဟု သြဂုတ်လ ၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည်​့ မြန်မာ့အလင်းသတင်းစာ၌ ​ဖော်​ပြခဲ့သည်​။ ၎င်း​ဖော်​ပြချက်ကို မြန်​မာနိုင်​ငံမသန်​စွမ်​းအသင်​းချုပ်​မှ ရှုံ့ချ​ကြောင်​း သြဂုတ်​လ ၂၁  ရက်​​နေ့တွင်​ ထုတ်​ပြန်​ခဲ့သည်​။

ထို့အပြင်​ ​ပညာ​ရေးဝန်​ကြီးဌာန၏ အလုပ်​​ခေါ်စာ၌လည်​း ကိုယ်​လက်​အင်္ဂါမသန်​စွမ်​းသူ မဖြစ်​​စေရ ဟူသည်​့အချက်​ ပါဝင်​​နေသည်​့အတွက်​ မသန်​စွမ်​းအသင်​းချုပ်​မှ ကန်​့ကွက်​ခဲ့သည်​။

မသန်​စွမ်​းအသင်​းချုပ်​အ​နေဖြင်​့ ထိုကဲ့သို့ကိစ္စရပ်​များကို ထုတ်​ပြန်​ချက်​ထုတ်​ခြင်​း၊ သတိ​ပေးခြင်​းများ​ဆောင်​ရွက်​​နေပြီး ​နောက်​ပိုင်​းကာလများတွင်​ ဆက်​လက်​ဖြစ်​ပွား​နေပါက အ​ရေးယူ​ဆောင်​ရွက်​သွားမည်​ဟု မသန်​စွမ်​းအသင်​းချုပ်​၏ ဥက္ကဋ္ဌ ဦး​အောင်​ကိုမြင်​့က ဆိုသည်​။

ထို့ကဲ့သို့ မသန်​စွမ်​းသူများအား အလုပ်​အကိုင်​နှင်​့ပတ်​သတ်​၍ ခွဲခြားသတ်မှတ်သည့်အချက်​မှာ ကမ္ဘာ့ကုလသမဂ္ဂ၏အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ ၂၀၁၅ ခုနှစ်မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတို့ကို လျစ်လျူရှု့ချိုးဖောက်ရာ ကျရောက်​နေသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly