‘မက်ဆီ ဘာစီလိုနာမှ ထွက်ခွာသွားလိမ့်မည် မဟုတ်’ - ဂျရတ်ပီကေး

‘မက်ဆီ ဘာစီလိုနာမှ ထွက်ခွာသွားလိမ့်မည် မဟုတ်’ - ဂျရတ်ပီကေး
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာ နောက်ခံလူ ဂျရတ်ပီကေးက တိုက်စစ်မှူး မက်ဆီဟာ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးဖို့ ကြန့်ကြာနေပေမယ့် သူဟာ အသင်းကနေ ထွက်ခွာသွားလိမ့်မယ် မဟုတ်ကြောင်း ယုံကြည်နေပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (၅) ကြိမ်နှင့် ဘာစီလိုနာရဲ့ ထာဝရ ဂိုးအများဆုံး သွင်းယူသူဟာ ၄ နှစ် စာချုပ်သစ်အတွက် ဇူလိုင်လ ၅ ရက်က သဘောတူညီခဲ့ပေမယ့် ယခုအချိန်ထိ စာချုပ်ပေါ်မှာတော့ လက်မှတ်ရေးထားနိုင်ခြင်း မရှိသေးပါဘူး။

အရင်က နေမာလိုပဲ မက်ဆီဟာ စာချုပ်လျော်ကြေး ယူရိုသန်း ၂၅၀ (ပေါင် ၂၃၀ သန်း) ရှိပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ သူ့ရဲ့ လက်ရှိ စာချုပ်သက်တမ်းမှာ လာမယ့် နှစ် ဇွန်လမှာ ကုန်ဆုံးမှာကြောင့် ဇန်နဝါရီလအစောပိုင်းမှာ အလွတ်ပြောင်းရွှေ့အနေဖြင့် ကလပ်အသင်းကနေ ထွက်ခွာရန် သဘောတူညီမှု ရနိုင်ပါတယ်။

ပီကေးက စာချုပ်ချုပ်ဆိုမှု နှောင်နှေးတဲ့အပေါ် စိုးရိမ်ပူပန်မှု မရှိကြောင်း ပြောဆိုပါတယ်။

"သူ (မက်ဆီ) တတ်နိုင်သမျှ အမြန်ဆုံး စာချုပ် လက်မှတ်ရေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော် သူ့အကြောင်းကို သိပြီး သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ သိထားတာကြောင့် သူရဲ့ စာချုပ်ကိစ္စအတွက် ကျနော် စိုးရိမ်မှု မရှိပါဘူး။"လို့ ပီကေးက ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags