ယူအီးအက်ဖ်အေ အကောင်းဆုံးဆုတွေကို ကြီးစိုးခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

ယူအီးအက်ဖ်အေ အကောင်းဆုံးဆုတွေကို ကြီးစိုးခဲ့တဲ့ ရီးယဲလ်မက်ဒရစ်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ချန်ပီယံနှစ်နှစ်ဆက် ရယူနိုင်ခဲ့တာကြောင့် ကြာသပတေးနေ့က မိုနာကိုမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ၂၀၁၆-၂၀၁၇ ယူအီးအက်ဖ်အေ ဆုပေးပွဲ အခမ်းအနားကို ကြီးစိုးခဲ့ပါတယ်။

​ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်​ပီယံလိဂ်​ဖလား၊ လာလီဂါဖလား၊ UEFA စူပါဖလားနှင်​့ ကမ္ဘာ့ကလပ်​ဖလားများကို ရရှိခဲ့တာဖြစ်ပါတယ်။

ဥရောပရှိ နည်းပြ အယောက် ၈၀ က ရွေးချယ် ပေးအပ်တဲ့ UEFA တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို ရီးယဲလ်ရဲ့ စူပါစတာ စီရော်နယ်လ်ဒိုက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနှင့် ဂျူဗီတပ်စ် ဂိုးသမား ဘူဖွန်တို့ကို ကျော်ဖြတ်ပြီး အဆိုပါဆုကို ၃ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။

ပေါ်တူဂီကစားသမားကို ၂၀၁၆-၂၀၁၇ ရာသီအတွက် အကောင်းဆုံး တိုက်စစ်မှူးအဖြစ်လည်း ရွေးချယ်ခံရပြီး ရီးယဲလ်အသင်းဖော်တွေဖြစ်တဲ့ ရာမို့စ်နှင့် မိုဒရစ်တို့က အကောင်းဆုံ နောက်ခံကစားသမားနှင့် အကောင်းဆုံး ကွင်လယ်ကစားသမားဆုတို့ကို အသီးသီး လက်ခံရရှိခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်း ၁၂ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့အတွက် အဓိက ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဗိုလ်လုပွဲမှာ သွင်းဂိုးအပါအဝင် ၁၂ ဂိုး သွင်း၊ ၆ ကြိမ် ဖန်တီးပေးခဲ့ကာ အသင်းကို ပံ့ပိုးပေးခဲ့ပါတယ်။  ဂိုးသွင်​းအများဆုံးကစားသမားအဖြစ်​လည်း ရပ်​တည်​ခဲ့ပါတယ် ဒါ့ကြောင့် မက်​ဆီနှင်​ ဘတ်​ဖွန်​တို့ကို​ကျော်​ကာ အ​ကောင်​းဆုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အီတလီ ဝါရင့်ဂိုးသမားကြီး ဘူဖွန်က အကောင်းဆုံး ဂိုးသမားအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

အ​ကောင်​းဆုံးအမျိုးသမီး ​ဘောလုံးသမားဆုကိုမူ နယ်​သာလန်​နှင်​့ ဘာစီလိုနာတိုက်​စစ်​မှူး လီကီမာတန်​့စ်​က ရရှိသွားခဲ့ပါတယ်။ မာတန်​့စ်​ဟာ နယ်​သာလန်​အသင်​းကို ပထမဆုံးအကြိမ်​ ယူရိုဖလားရရှိ​အောင်​ စွမ်​​းဆောင်​​ပေးနိုင်​ခဲ့သူဖြစ်​ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly