ယာဉ်စီးခ အကြွေမရှိတဲ့ပြဿနာ ဘယ်လို ဖြေရှင်းကြမလဲ

ယာဉ်စီးခ အကြွေမရှိတဲ့ပြဿနာ ဘယ်လို ဖြေရှင်းကြမလဲ

Bus Car လိုင်းတွေကို YBS စနစ်နဲ့ ပြောင်းလဲ ပြေးဆွဲပြီးတဲ့အခါမှာတော့ ခရီးသည်တွေအနေနဲ့ ယာဉ်စီးခ အကြွေမရှိတဲ့ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ အဲဒီပြဿနာတွေ ပြေလည်အောင် ဘယ်လို အကြံတွေ ပေးချင်သလဲဆိုတာ သူငယ်ချင်းတွေကို လိုက်မေးကြည့်ရအောင်နော်။

အဲဒီပြဿနာကို ဖြေရှင်းဖို့က အကောင်းဆုံးကတော့ ကဒ်ပေါ့နော်။ ယာဉ်စီးခ ကဒ်လေးတွေကို ဆင်ဆာနဲ့ တစ်ထောင်ဖိုး ထည့်ထားမယ် နှစ်ထောင်ဖိုးထည့်ထားမယ် ငါးထောင်ဖိုး ထည့်ထားမယ် အဲလိုမျိုး စသည်ဖြင့် ကဒ်လေးတွေ လုပ်ထားပေးမယ် အဲဒါလေးတွေကိုခရီးသည်တွေက ကိုင်ဆောင်ပြီးတော့ တချို့သော ယာဉ်လိုင်းတွေမှာ ရှိပါတယ် အဲဒါတွေက။ ကဒ်လေးပြလိုက်တာနဲ့ ဒီအထဲက ပိုက်ဆံကို ဖြတ်သွားမယ် အဲလိုမျိုးဆို ပိုပြီးတော့ အဆင်ပြေပါတယ်ခင်ဗျ။

 

 

အဲဒါနဲ့ပတ်သက်ပြီးတော့ ကဒ်စနစ်နဲ့ လုပ်စေချင်ပါတယ်။ ကဒ်စနစ်က ပိုပြီးတော့ စနစ်ကျတယ်လို့ ထင်လို့ပါ။

 

 

 

 

တကယ်လို့ YBS ဆီက အကြွေတွေကို ပြည်သူတွေဘက်ကို အဆင်ပြေတယ်ဆိုရင် အကြွေတွေကို ပြန်ပြီးတော့ လဲပေးမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

 

 

 

ကျွန်တော်တို့ စပြီးတော့ ခရီးထွက်မယ်ဆိုကတည်းက အကြွေတွေကို စပြီးတော့ ဖြတ်ထားသင့်ပါတယ်။

 

 

 

 

အကြွေထက် ကဒ်ကို ပိုပြီးတော့ ဖြစ်စေချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ BRT တွေတုန်းက ကဒ်က အရမ်းကို အဆင်ပြေတယ် အခုကျတော့ အကြွေမရှိလို့ရှိရင် ကားစီးရတာ အဆင်မပြေသလောက် ဖြစ်နေတယ။် အဲဒါကြောင့် ။

 

 

 

ဘတ်(စ်)ကား ဂိတ်တွေမှာ အကြွေလဲမယ့် ပုံစံမျိုးလေးတွေ လုပ်ပေးထားစေချင်ပါတယ်။

 

 

 

 

အခု ကဒ်စနစ် လုပ်မယ်လို့လည်း ပြောတယ်။ အဲဒီကဒ်စနစ်ကို အကောင်အထည်ဖော်မယ်ဆိုရင်လည်း ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လဲပေးမယ့်နေရာတွေလည်း သတ်မှတ်ပြီးတော့ ကားစီးမယ်ဆိုလို့ရှိရင်လည်း အကြွေ လဲလို့ရနိုင်မယ့် နေရာမျိုးလေးပေါ့ အဲလိုမျိုးလေး ထားပြီးတော့ တစ်ထောင်ဖိုးလဲမလား ငါးထောင်ဖိုးလဲမလား ဖုန်းဘေရောင်းသလိုမျိုးပေါ့ အဲလို လဲလို့ရမယ့်နေရာတွေ ထားပေးမယ်ဆိုရင်လည်း အဆင်ပြေမယ်ပေါ့။

 

 

 

YOPE သူငယ်ချင်းတွေကတော့ အခုလိ အကြံလေးတွေ ပေးခဲ့ကြပါတယ်။ သူငယ်ချင်းတို့ကလည်း YOPE Facebook နဲ့ YOPE Website တွေမှာ ဝင်ရောက်ပြီးတော့ Comments လေးတွေ ပေးခဲ့ကြပါဦး။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly