အိုလံပစ်ရေကူးချန်ပီယံဟောင်းရဲ့ အံ့အားသင့်ဖွယ် အတိုက်အခိုက်စွမ်းရည်

အိုလံပစ်ရေကူးချန်ပီယံဟောင်းရဲ့ အံ့အားသင့်ဖွယ် အတိုက်အခိုက်စွမ်းရည်

သူမနာမည်က မေဟွိုင်းဖြစ်ပြီး စင်ကာပူရဲ့ အိုလံပစ်ရေကူးချန်ပီယံဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဆီးဂိမ်းမှာ ရေကူးနဲ့ ရွှေတံဆိပ်ရဖူးတဲ့ မေဟွိုင်းဟာ အသက် ၄၁ နှစ်ရှိပြီဖြစ်ပေမယ့် အားကစားလောကကို မစွန့်လွှတ်သေးပဲ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိနေသူ ဖြစ်ပါတယ်။

သူမရဲ့ပြိုင်ဘက်ကတော့ မလေးရှားနိုင်ငံသူ အန်းအော့စ်မန်ပါ။ အသက် ၃၁ နှစ်သာ ရှိသေးတဲ့ အန်းက MMA ပြိုင်ပွဲ ၈ ပွဲ ယှဉ်ပြိုင်ထားရာမှာ ၅ ပွဲနိုင် ၃ ပွဲရှုံးရလဒ်ရရှိထားသူ ဖြစ်ပါတယ်။ ရုပ်ရည်ပြေပြစ်သူဖြစ်ပြီး အိမ်ရှင်မလေးရှားနိုင်ငံသူဖြစ်တာကြောင့် ပရိသတ်က တခဲနက်အားပေးကြပါတယ်။

ပွဲကို စလွှတ်လိုက်တဲ့အချိန်မှာ ငယ်ရွယ်ဖျတ်လတ်တဲ့ အန်းက စတင်တိုက်ခိုက်ပြီး မေဟွိုင်းကို ကြမ်းပေါ်လှဲသိပ်နိုင်ခဲ့ပါတယ်။ မေဟွိုင်းက ပြန်လည်ရုန်းထွက်ဖို့ ကြိုးစားပေမယ့် အန်းက အပေါ်စီးကနေ ထိုးကြိတ်ကာ ပွဲကို စိုးမိုးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

အန်းအသာရနေတယ်လို့ ထင်ပေမယ့် မေဟွိုင်းက တည်တည်ငြိမ်ငြိမ်ပဲ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပါတယ်။ ပထမအချီပြီးဖို့ ၂ မိနစ်အလိုမှာတော့ မေဟွိုင်းက အန်းကို ပြန်လည်ချုပ်ထိုးနိုင်ခဲ့ပါတယ်။   နောက်တော့ မေဟွိုင်းက အန်းကို နောက်ကနေခွပြီး လည်ပင်းကိုညှစ်ထားခဲ့ပါတယ်။ ကြမ်းပြင်ပေါ်မှောက်လျက်အနေအထားဖြစ်နေတဲ့ အန်းဟာ မေဟွိုင်းရဲ့ လည်ပင်းညှစ်မှုကို မခံနိုင်တော့ပဲ ပထမအချီ ၃ မိနစ်နဲ့ ၂၇ စက္ကန့်မှာ အရှုံးပေးလိုက်ရပါတော့တယ်။

အိုလံပစ်ရေကူးချန်ပီယံဟောင်းမေဟွိုင်းအတွက် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ ၃ ပွဲမြောက် ရရှိတဲ့ နိုင်ပွဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly