အီရတ်တွင် သင်္ဘောနစ်မြုပ်ပြီး လူ ၂၀ သေဆုံး

အီရတ်တွင် သင်္ဘောနစ်မြုပ်ပြီး လူ ၂၀ သေဆုံး

သြဂုတ် ၂၄ ။           ။ အီရတ်နိုင်ငံ တောင်ဘက်ပိုင်း ကမ်းရိုးတန်းအပြင်ဘက် ပင်လယ်ပြင်မှာ သင်္ဘောချင်း တိုက်မိပြီး နစ်မြုပ်သွားခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး သင်္ဘောသားအယောက် ၂၀ ထက်မနည်း သေဆုံးသွားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အီရတ် သင်္ဘော Al-Mesbar မှာ သြဂုတ် ၁၉ ရက်က ကူဝိတ်နှင့်အီရတ်အကြား တူးမြောင်းတစ်ခုတွင် နိုင်ငံခြားအလံလွှင့်ထားသည့် သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မှာပင် သင်္ဘောသား ၈ ဦး ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ရုပ်အလောင်း လေးလောင်းကို ရှာတွေ့ခဲ့သည်ဟု ဆိုသည်။

ယင်းနောက် သြဂုတ် ၂၄ ရက်တွင် သင်္ဘောကို ပြန်လည်ဆယ်ယူခဲ့ရာတွင် ကျန် ရုပ်အလောင်း ၁၆ လောင်း ထပ်မံတွေ့ရှိခဲ့သည်ဟု အီရတ် ၀န်ကြီးဌာနက ထုတ်ပြန်သည်။

ယခုဖြစ်စဉ်တွင် ပါ၀င်ခဲ့သည့် နိုင်ငံခြားသင်္ဘောကို ထိန်းသိမ်းထားရန် အာဏာပိုင်တွေက ညွှန်ကြားထားသည်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly