ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်တွင် မြန်မာယူ ၂၂ အသင်း ထိုင်းနှင့်ရင်ဆိုင်ရမည်

ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်တွင် မြန်မာယူ ၂၂ အသင်း ထိုင်းနှင့်ရင်ဆိုင်ရမည်

သြဂုတ် ၂၄၊ ရန်ကုန်။            ။ မလေးရှားနိုင်ငံတွင် ကျင်းပနေသော ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲဆီမီးအဆင့်တွင် မြန်မာယူ ၂၂ အသင်းသည် ထိုင်းယူ ၂၂ အသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းသည်အုပ်စု (က)တွင် လေးပွဲကစား၊ သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ၉ မှတ်ဖြင့် အုပ်စု ဒုတိယရခဲ့ပြီး အိမ်ရှင်မလေးရှား အသင်းက ပွဲစဉ်အားလုံးအနိုင်ရပြီး အုပ်စု ပထမရခဲ့သည်။

အုပ်စု (ခ) တွင် ထိုင်းအသင်းက ငါးပွဲကစား၊ လေးပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ၁၃ မှတ်ဖြင့် အုပ်စုပထမရခဲ့ပြီး အင်ဒိုနီးရှားအသင်း က ငါးပွဲကစား၊ သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ ရမှတ် ၁၁ မှတ်ဖြင့် အုပ်စုဒုတိယရခဲ့သည်။

အုပ်စု (ခ)တွင် နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းပြခဲ့သည့် ဗီယက်နမ်အသင်းမှာ အုပ်စု နောက်ဆုံးပွဲတွင် ထိုင်းအသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် ရမှတ် ၁၀ မှတ်၊ အုပ်စုတတိယအဖြစ်နှင့်သာ ကျေနပ် ခဲ့ရသည်။

ဆီမီးအဆင့်ပွဲစဉ်များကို သြဂုတ် ၂၆ ရက်တွင်ကစားမည်ဖြစ်ပြီး အုပ်စု (က) ပထမ မလေးရှားနှင့် အုပ်စု (ခ) ဒုတိယ အင်ဒိုနီးရှား၊ အုပ်စု (က) ဒုတိယ မြန်မာနှင့် အုပ်စု (ခ) ပထမ ထိုင်းအသင်းတို့ ကစားကြမည်ဖြစ်သည်။

မြန်မာအသင်းသည် ၂၀၁၅ ဆီးဂိမ်းစ်ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့်တွေ့ဆုံခဲ့ပြီး ၃-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ရာ ရှုံးကြွေးပြန်ဆပ် နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly