မန္တလေး မြို့တော်ဝန်ဟောင်းနှင့် လက်ရှိ မြို့တော်ဝန် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်ခုတည်းမှ ၀င်ရောက်ရွေးချယ်ခံမည်

မန္တလေး မြို့တော်ဝန်ဟောင်းနှင့် လက်ရှိ မြို့တော်ဝန် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်ခုတည်းမှ ၀င်ရောက်ရွေးချယ်ခံမည်

မန္တလေး၊ သြဂုတ် ၁၁ ။           ။ မန္တလေး မြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်နှင့် လက်ရှိ မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းတို့သည်လာမည့် ရွေးကောက်ပွဲတွင်  တိုင်းဒေသကြီး လွှတ်တော် အတွက်အောင်မြေ သာစံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ   ဝင်ရောက် ရွေးချယ်ခံမည် ဖြစ်ကြောင်း မန္တလေး ခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

မန္တလေးမြို့တော်ဝန်ဟောင်း  ဦးဖုန်းဇော်ဟန်သည် တပ်မတော်မှ ဗိုလ်ဗူးချုပ် ရာထူးအဆင့်ထိ ရှိခဲ့သည့် အငြိမ်းစား တစ်ဦးလည်း ဖြစ်ပြိး  ရွေးကောက်ပွဲတွင်  တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ်  ဝင်ရောက်ရန် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်ထံသို့ သြဂုတ် ၇ ရက်က အမည်စာရင်းတင်းသွင်းခြင်း ဖြစ်ကြောင်း ဦးဖုန်းဇော်ဟန်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးစိုးထွန်းကပြောသည်။

ထို့အပြင် အဆိုပါ အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) နေရာတွင် လက်ရှိမြို့တော်ဝန် ဦးအောင်မောင်းလည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကော်မရှင်မထံသို့ သြဂုတ် ၃ ရက်တွင်အမည်  စာရင်း တင်သွင်း ထားသည်။

သို့ဖြစ်၍ အဆိုပါ မဲဆန္ဒနယ် နေရာတွင် မြို့တော်ဝန်အဟောင်း ဦးဖုန်းဇော်ဟန်နှင့် လက်ရှိမြို့တော်ဝန် ဦး အောင်မောင်းတို့သည် ရွေးကောက်ပွဲကော်မရှင်မှ ၎င်းတို့၏ ကိုယ်စားလောင်း အရည်အချင်းနှင့် ကိုက်ညီ၍ စိစစ်ပြီးပါ က အခြားပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဦးဖုန်းဇော်ဟန်သည် ၂၀၁၀ ခုနှစ်ရွေး ကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားပြု၍ တိုင်းဒေသကြီးတွင ်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူ ဖြစ်ပြီး လက်ရှိတွင်နေပြည်တော်ကောင်စီဝင် တစ်ဦးဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည်  ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်က ၎င်းတို့၏ ပါတီကို ကိုယ်စားပြု၍ မန္တလေးတိုင်း ဒေသကြီးအတွင်း လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း ၉၅ ဦး စာရင်းကို  အများပြည်သူသို့ အသိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly