ဆောက်သမ်တန် ဂိုးသမား ပေါ်လို ဂတ်ဇာနီဂါကို တော့တင်ဟမ်အသင်း (၅) နှစ်စာချုပ်ဖြင့် ခေါ်ယူ

ဆောက်သမ်တန် ဂိုးသမား ပေါ်လို ဂတ်ဇာနီဂါကို တော့တင်ဟမ်အသင်း (၅) နှစ်စာချုပ်ဖြင့် ခေါ်ယူ
(ဓာတ်ပုံ - စပါး)

တော့တင်ဟမ်ဟော့စပါးဟာ ဆောက်သမ်တန်အသင်းမှ ဂိုးသမား ပေါ်လို ဂတ်ဇာနီဂါကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက စပိန်ကလပ် Rayo Vallecano ကို အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ အသက် ၂၅ နှစ်ရှိ အာဂျင်တီးနား ဂိုးသမားဟာ ကလပ်အသင်းသစ်မှာ ကျောနံပါတ် ၂၂ ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။

ဂတ်ဇာနီဂါဟာ ၂၀၁၃-၂၀၁၄ ရာသီက ဆောက်သမ်တန်အသင်းမှာ နည်းပြ ပိုချက်တီနို လက်အောက်မှာ ကစားခဲ့ပြီး ယခုတစ်ကြိမ် ပြန်လည်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။

ဂတ်ဇာနီဂါဟာ အင်္ဂလန်ကို ၂၀၁၁ ခုနှစ်က ရောက်ရှိခဲ့ချိန်က ဂျေလင်ဂန်အသင်းမှာ ကစားခဲ့ပြီး နောက်တစ်နှစ်အကြာမှာ သူဟာ ဆောက်သမ်တန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly