အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝမှ ရွန်နီ အနားယူ

အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝမှ ရွန်နီ အနားယူ
(ဓာတ်ပုံ - အီးပီအေ)

အင်္ဂလန်အသင်းရဲ့ ဂိုးအများဆုံးသွင်းထားသူ ဝိန်းရွန်နီဟာ နိုင်ငံလက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ရုတ်တရက် ကြေညာခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိပြီတဲ့ ရွန်နီဟာ လာမယ့်လ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မော်လ်တာနှင့် ဆလိုဖက်ကီးယားတို့ပွဲအတွက် အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့ အသင်းမှာ ပြည်လည်ရွေးချယ်ခံရသူဖြစ်ပါတယ်။

"အင်္ဂလန်အသင်းအတွက် ကစားပေးရတာဟာ ကျနော်အတွက် အမြဲတမ်း အထူးစပယ်ရှယ်ဖြစ်ခဲ့ပါတယ်။ ကစားတစ်ယောက် သို့မဟုတ် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့အခါတိုင်း တကယ့် အခွင့်ထူးကြီးတစ်ခုဖြစ်ခဲ့ပြီး ကျနော်ကို ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။"လို့ အဲဗာတန်တိုက်စစ်မှူး ရွန်နီက ပြောပါတယ်။

"ဒါပေမယ့် အခုအနားယူရမယ့် အချိန်ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။"လို့ သူက ဆက်ပြောပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွန်နီဟာ အင်္ဂလန်အသင်းအတွက် ၁၁၉ ပွဲကစားခဲ့ပြီး ၅၃ဂိုးသွင်းယူကာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ အမာခံပရိသတ်တစ်ဦးအဖြစ် ဆက်လက်အားပေးနေမယ်လို့လည်း ဝိန်းနီက ပြောခဲ့ပါတယ်။

အဲဗာတန်က မန်စီးတီးကို ၁-၁ ဂိုးနဲ့ သရေကျတဲ့ပွဲမှာ ဝိန်းနီဟာ တစ်ဂိုး သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုး ၂၀၀ ပြည့်မြောက်ခဲ့တဲ့နောက် ၂ ရက်အကြာမှာ နိုင်ငံလက်ရွေးစင်မှ အနားယူမယ့် ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဝိန်းနီဟာ နိုင်ငံလက်ရွေးစင်ဘဝ ပထမဆုံး ပွဲဦးထွက်ကို ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလမှာ အင်္ဂလန်က သြစတြေးလျကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ကစားခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly