ဂရစ်ဇ်မန်း၊ ဘီနီဂါတို့ ၂ ပွဲပယ်ခံရပြီး ရာမို့စ် ၁ ပွဲပယ် ပြစ်ဒဏ် အသီးသီးချမှတ်ခံရ

ဂရစ်ဇ်မန်း၊ ဘီနီဂါတို့ ၂ ပွဲပယ်ခံရပြီး ရာမို့စ် ၁ ပွဲပယ် ပြစ်ဒဏ် အသီးသီးချမှတ်ခံရ
(ဓာတ်ပုံ - အီးပီအေ)

အက်သလက်တီကိုအသင်း တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ်ကစားတဲ့ ဂျီရိုနာနှင့်ပွဲမှာ ကွင်းလယ်ဒိုင်လူကြီး ကို ကြမ်းတမ်းစွာ ပြောဆိုမှုများကြောင့် ၂ ပွဲ ပယ်ပြစ်ဒဏ်ခံရမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဆီဗီလာမှ အဲဗာဘီနီဂါမှာလည်း ၂ ပွဲပယ်နှင့် ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ၁ ပွဲပယ် ပစ်ဒဏ်အသီးသီး ချခံခဲ့ရပါတယ်။

အက်သလက်ကိုက ဂျီရိုနာကို ၂-၂ဂိုးနဲ့ သရေကျတဲ့ပွဲမှာ ဂရစ်ဇ်မန်းဟာ ပြိုင်ဘက် ပယ်နယ်တီ ဧရီယာအတွင်းမှာ ဟန်ဆောင်ဒိုက်ထိုးမှုအတွက် ဒိုင်လူကြီး က အဝါကဒ်ပြစ်ဒဏ်ပေးခဲ့မှုအပေါ် ကြမ်းတမ်းစွာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စပိန်စည်းကမ်းထိန်းသိမ်းရေးကော်မတီက  ဂရစ်ဇ်မန်းကို ပွဲပယ်ပြစ်ဒဏ်အပြင် ငွေဒဏ်အဖြစ် ယူရို ရ၀၀ ဒဏ်ရိုက်ခဲ့သလိုအက်သလက်တီကိုအသင်းကိုလည်း ယူရို ၆၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

အလားတူပင် ဆီဗီလာနှင့် အက်စပန်ညိုတို့ ၁-၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ဆီဗီလာမှ ဘီနီဂါဟာ ဆဲဆိုမှုကြောင့် ဒိုင်က ကွင်းအတွင်းမှ ထုတ်လိုက်ပါတယ်။ သူဟာ အဆိုပါပြစ်ဒဏ်အတွက် ၂ ပွဲပယ်ခံရတာဖြစ်ပါတယ်။

စပိန်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ရာမို့စ်၊ အဲလင် ဟယ်လီလိုဗစ် (လက်စ်ပါးမစ်)နှင့် အယ်ဘာယို ဇီမန်နစ်ဇ် (ဂီတာဖေး)တို့ကို ပွဲပယ် ၁ ပွဲအဖြစ် အသီးသီးချမှတ်ခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags