၁၄ ပေအမြင့်ရှိကားမှ ကားလေးအား စလစ်ဖြစ်ကာ ဝင်တိုက်မှုဖြစ်ပွား

၁၄ ပေအမြင့်ရှိကားမှ ကားလေးအား စလစ်ဖြစ်ကာ ဝင်တိုက်မှုဖြစ်ပွား
ဓာတ်ပုံ-ကိုထင်လင်းအောင်
 

ရန်ကုန်၊ သြဂုတ်လ ၂၃ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ ရခိုင်ကျောင်းမှတ်တိုင်အနီးတွင် ၁၄ပေ အမြင့်ရှိ Canter ကားမှ စလစ်ဖြစ်ကား တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော ကားလေးအား ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ယနေ့ သြဂုတ်လ ၂၃ ရက်၊ နံနက် ၉ နာရီ၊ ၅ဝ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထောက်ကြန့်မှ မြောက်ဥက္ကလာပမြို့နယ်ဘက်သို့ မောင်းနှင်လာသော ၁၄ပေ ရှိ Canter ကားမှ မိုးအနည်း ငယ်ရွာသွန်း နေမှုကြောင့် ဘရိတ်အုပ်ရာမှ စလစ်ဖြစ်ကာ တစ်ဖက်ယာဉ်ကြောမှ ကားလေးအား ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

“ တိုက်မှုဖြစ်တော့ တစ်ဖက်က မောင်းလာတဲ့ ကားလေးမှာက အမျိုးသားသုံးဦးပါလာတယ်။ ကားလေးနောက်မှ ထိုင်စီးတဲ့ တစ်ယောက်က လွှင့်ထွက်သွားတယ်။ ခေါင်းခန်းမှာ လိုက်စီးလာတဲ့ ၂ ယောက်ကကျတော့ ခေါင်း ခန်းထဲမှာပဲ ညှပ်သွားတယ်။ ညှပ်နေတဲ့သူ ၂ ယောက်ကိုတော့ ကျွန်တော်တို့ ဆွဲထုတ်ခဲ့ရတယ် ”ဟု သွား ရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္စျိမသို့ ပြောသည်။

လက်ရှိတွင် ကာလေးခေါင်းအတွင်း ညှပ်နေသူနှစ်ဦးနှင့် လွှင့်ထွက်သွားသူတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိ ခဲ့သဖြင့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly