ပဲခူးတိုင်း FDA အဖွဲ့ ပြည်မြို့ မြို့မစျေး နှင့် စျေးအနီး စားသောက်ကုန်ဆိုင်များစစ်ဆေး

ပဲခူးတိုင်း FDA အဖွဲ့ ပြည်မြို့ မြို့မစျေး နှင့် စျေးအနီး စားသောက်ကုန်ဆိုင်များစစ်ဆေး

ပြည်၊ သြဂုတ် ၂၃ ။            ။ ပဲခူးတိုင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအဖွဲ့ သည် Mobile Van ဖြင့်  သြဂုတ်လ ၂၃ ရက်က ပြည်မြို့၊ မြို့မစျေး အတွင်း နှင့် စျေးအနီး ရှိ စားသောက်ကုန်ဆိုင်များကို ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စျေးကွက်တွင်းရှိ အစားအသောက် နမူနာ ၂၅ မျိုးကို ကောက်ကူကာ စားသောက်ကုန်၂၂ မျိုးကို နေရာတွင် ချက်ချင်းစစ်ဆေးခဲ့ရာ ဓါတုဆေးဝါးသုံးစွဲထားခြင်းမရှိခဲ့ပေ။ အခြားစားသောက်ကုန် ၃ မျိုး ဖြစ်သည့် လက်ပစ်ဗုံးပုံသဏ္ဍာန်ဂျယ်လီ ၊ မှိုသဏ္ဍာန် ဂျယ်လီ ၊ အရောင်ပါသော အမဲသားခြောက် ၊တို့ကို ပဲခူးတိုင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တွင် ထပ်မံစစ်ဆေးမည်ဟုသိရသည်။

“ဒါတွေထပ်ပြီး ရောင်းနေမယ်ဆိုရင် နံပါတ် တစ် ပစ္စည်းသိမ်းဆည်းမယ်ပေါ့နော်။ နောက်ပိုင်းကျရင် အမျိုးသား အစားအသောက် ဥပဒေနဲ့ အရေးယူမယ် ဆိုတာသူတို့ကို မှာကြားထားပါတယ်။ ဆေးဝါးနဲ့ပတ်သတ်ပြီး အများကြီးအရေးယူပါတာရှိပါတယ်။ ဆေးဆိုင်တွေကို ခြောက်လ ပိတ်သိမ်းတာရှိတယ်။ နောက်ပြီးတော့ငွေဒဏ်ထောင်ဒဏ်တွေ နဲ့ အရေးယူတာရှိတယ်”ဟု ပဲခူးတိုင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌါန ဦးစီးမှူး ဒေါက်တာ ဒေါ်နီနီအေးက ဆိုသည်။

ထိုနေ့ နံနက် ၉ နာရီခွဲတွင် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌါန မှ ၀န်ထမ်းများ ၊ စည်ပင်သာယာဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ ပြည်မြို့မစျေးအတွင်း နှင့် စျေးအနီးရှိ စားသောက်ကုန် ဆိုင်များ ကိုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဌာနသည် ၂၀၁၄ ခုနှစ်မှစ၍ စျေးကွက်အတွင်းရှိ အစားအသောက် များအား နမူနာရယူကာ ဓါတ်ခွဲစစ်ဆေးခြင်း ၊ ကျောင်းကျန်းမာရေးအဖွဲ့ များ နှင့်အတူ ကျောင်းမုန့်စျေးတန်း များအားစစ်ဆေးခြင်း ၊  ဆေးဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက် လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly