မြန်ဆန်လွန်းတဲ့ ကီဗင်ဘယ်လင်ဂွန်(သို့) The Scilencer

မြန်ဆန်လွန်းတဲ့ ကီဗင်ဘယ်လင်ဂွန်(သို့) The Scilencer

ဖိလစ်ပိုင်ဖိုက်တာ ကီဗင်ဘယ်လင်ဂွန်ဟာ နာမည်နဲ့လိုက်အောင် တိတ်ဆိတ်သူဖြစ်ပြီး မြန်ဆန်လွန်းတဲ့ တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်ပါတယ်။ ဘယ်လင်ဂွန်ဟာ MMA ပွဲတွေမှာ ၁၅ ပွဲနိုင်ပြီး ၅ ပွဲရှုံးရလဒ်ကို ရထားသူ ဖြစ်ပါတယ်။

သူနဲ့ပွဲတည်ထားတဲ့သူကတော့ သြစတြေးလျဖိုက်တာ ရီစီမက္ကလာရင်ဖြစ်ပြီး သူကတော့ ၉ ပွဲနိုင် ၄ ပွဲရှုံးရလဒ် ရထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးကတော့ One Championship ဘင်တန်ဝိတ်တန်းချန်ပီယံ ဘီဘီယာနိုဖာနန်ဒက်ဇ်ကို ရှုံးနိမ့်ထားသူတွေ ဖြစ်ပါတယ်။

နှစ်ယောက်စလုံးက ဖိုက်တာကောင်းတွေဖြစ်ပြီး ရွှေခါးပတ်ချန်ပီယံကိုတောင် စိန်ခေါ်ထားသူတွေဖြစ်လို့ ဒီပွဲကို ပရိသတ်တွေက အများကြီးမျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ပွဲစပြီးလို့ ၁ မိနစ်နဲ့ ၂ စက္ကန့်အကြာမှာပဲ ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ရပါတယ်။

ပွဲစလွှတ်လိုက်တာနဲ့ နှစ်ယောက်စလုံးရင်ဆိုင်ထိုးရင်း ဘယ်လင်ဂွန်ရဲ့ညာဝိုက်လက်သီးက မက္ကလာရင်ကို ထိထိမိမိထိသွားခဲ့ပြီး ဘယ်လင်ဂွန်က တောက်လျှောက် ဘယ်ညာတွဲလုံးတွေ၊ တံတောင်ရိုက်ချက်တွေနဲ့ ပွဲသိမ်းထိုးသတ်လိုက်တာ ဖြစ်ပါတယ်။ မက္ကလာရင်ဟာ ရုန်းထွက်ဖို့ ကြိုးစားသေးပေမယ့် ဘယ်လင်ဂွန်က လုံးဝအလွတ်မခံတော့ပဲ အပေါ်စီးကနေ တော်လျှောက်ထိုးသတ်ခဲ့လို့ နောက်ဆုံးဒိုင်က ပွဲရပ်လိုက်ရတာ ဖြစ်ပါတယ်။

ဘီဘီယာနိုဖာနန်ဒက်ဇ်ကို ရှုံးခဲ့ပြီးတဲ့နောက် ဘယ်လင်ဂွန်ရဲ့ တတိယမြောက်နိုင်ပွဲဖြစ်ပါတယ်။ မက္ကလာရင်အတွက်တော့ ဘီဘီယာနိုနဲ့ဘယ်လင်ဂွန်တို့ကို ဆက်တိုက်ရှုံးခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly