ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃၈ သန်းဖြင့် ဘာစီလိုနာအသင်း လေးကြိမ်မြောက် ကမ်းလှမ်းဖွယ်ရှိ

ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃၈ သန်းဖြင့် ဘာစီလိုနာအသင်း လေးကြိမ်မြောက် ကမ်းလှမ်းဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းဟာ ဘရာဇီးကွင်းလယ်လူ ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃၈ သန်းနှင့်အတူ နောက်ထပ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လာလိမ့်မယ်လို့ သိရှိရပြီး လီဗာပူးလ်အသင်းမှ လက်ခံသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

စပိန်ကလပ်အသင်းကြီးဟာ အသက် ၂၅ နှစ် ကစားသမားအတွက် လီဗာပူးလ်နှင့် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖွယ်ရှိပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၀၁ သန်းနှင့်  အပိုဆုကြေးငွေ ပေါင် ၃၇ သန်းဖြင့် ကမ်းလှမ်းရန်ရှိနေပါတယ်။

ကော်တင်ဟိုဟာ အပြောင်းအရွှေ့အတွက် နည်း ပြ ဂျာဂင်ကလော့ပ်နှင့်သီးသန့်ဆွေးနွေးလိုကြောင်း၊ ကစားသမားဘဝအနာဂတ်အခြေအနေအတွက် ဆွေးနွေးမှုများပြုလုပ်လိုကြောင်း တောင်းဆိုမှုများပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းက လွန်ခဲ့တဲ့ ၅ ရက်က ဘာစီလိုနာရဲ့ ပေါင် ၁၁၄ သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဘာစီလိုနာမှ ပေါင် ရ၂ သန်းမှ ပေါင်သန်း ၉၀ နှင့် ပြီးခဲ့တဲ့အပတ်က ပေါင်သန်း ၁၀၀ တို့ဖြင့် ကမ်းလှမ်းမှု ၃ ကြိမ်စလုံးကို ပယ်ချခဲ့ပြီးဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို ပိုင်ဆိုင်တဲ့ Fenway Sports Group(FSG)က ကော်တင်ဟိုကို ရောင်းချမည်မဟုတ်ဟုတ်ဘဲ သြဂုတ် ၃၁ ရက် အပြောင်းအရွှေ့ပိတ်သိမ်းချိန်မှာ ကစားသမားဟာ အသင်းမှာ ဆက်ရှိနေမယ်လို့ ပြောဆိုထားဖူးပါတယ်။

ဂျာဂင်ကလော့ပ်ကလည်း “အသင်းပိုင်ရှင်တွေဘက်က ဆုံးဖြတ်တာကို ကျနော် လက်ခံသွားမှာပါ။ လက်ရှိမှာတော့ ကျနော်ရဲ့ အသင်းပေါ်ကိုပဲ အာရုံစိုက်ထားပါတယ်”လို့ ပြောဆိုထားပါတယ်။

စပိန်လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သူ နေမာကို ပီအက်စ်ဂျီအသင်းထံ ရောင်းချခဲ့ပြီးနောက် ၎င်းရဲ့နေရာမှာ အစားထိုးရန်အတွက် ကော်တင်ဟိုကို ခေါ်ယူရန် အဓိကပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags