တရားမဝင် ပိတောက်သစ်များ တင်ဆောင်လာသည့့်် ၆ ဘီး ယာဉ်တစ်စီး ဖမ်းမိ

တရားမဝင် ပိတောက်သစ်များ တင်ဆောင်လာသည့့်် ၆ ဘီး ယာဉ်တစ်စီး ဖမ်းမိ

မင်းဘူး၊ သြဂုတ် ၂၂ ။              ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စာတတ်ကူးစစ်ဆေးရေးဂိတ်တွင် တရားမဝင် ပိတောက်သစ်များ တင်ဆောင်လာသည့့်် ၆ဘီးယာဉ်(၁)စီးနှင့်အတူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့အား သြဂုတ်(၂၂)ရက်နေ့ နံနက် ၃နာရီ၃၀မီနစ်အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ တရားမဝင်သစ်ခိုးထုတ်နေသည့် ယာဉ်များအား စစ်ဆေးဆောင်ရွက်နေချိန် စာတတ်ကူးစစ်ဆေးရေးဂိတ်တွင် ပဒါန်းဘီနယ်တာဝန်ခံ၊ တောအုပ်နှင့် ဂိတ်တာဝန်ကျ သစ်တောဝန်ထမ်းများ၊ သစ်တောရဲအဖွဲ့ များ ပူပေါင်းပြီး လူသုံးကုန်မျိုးစုံ တင်ဆောင်ထားသည့်ယာဉ်အား စစ်ဆေးခဲ့ရာ ကုန်ပစ္စည်းမျိုးစုံအောက် ဖုံဖိအုပ်ကာ တင်ဆောင်လာသောတရားမဝင် ပိတောက်သားသစ်ခွဲသား (၂၇)ချောင်း၊ (၃.၄၄၁၄)တန်နှင့်အတူယာဉ်မောင်း ဝင်းကိုနိူင်၊ ယာဉ်နောက်လိုက် မျိုးဇော်ဦးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ငဖဲသစ်တောဦးစီး ဦးအောင်မင်းသူက ပြောသည်။

ပိတောက်သစ်များတင်ဆောင်လာသည့် ယာဉ်မောင်း ဝင်းကိုနိုင်၊ ယာဉ်နောက်လိုက် မျိုးဇော်ဦး၊ ယာဉ်ပိုင်ရှင် ဦးမောင်ဝင်းတို့(၃)ဦးအား ငဖဲမြို့မ ရဲစခန်းတွင်ပြည်သူပိုင်ပစ္စည်းကာကွယ်ရေ ဥပဒေဖြင့်အမှုဖွင့် အရေးယူသွား မည် ဖြစ်ကြောင်း ငဖဲသစ်တောဦးစီး ဦးအောင်မင်းသူက မဇ္ဈိမသို့  ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly