နိုင်ငံ့ဂုဏ်ကို အမြင့်မားဆုံး မြှင့်တင်ပေးရန် အားကစားသမားများကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

နိုင်ငံ့ဂုဏ်ကို အမြင့်မားဆုံး မြှင့်တင်ပေးရန် အားကစားသမားများကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ရန်ကုန် ၊ သြဂုတ် ၂၂ ။            ။ မလေးရှားနိုင်ငံတွင် ပြုလုပ်နေသည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေသည့် အားကစားသမားများအနေဖြင့် နိုင်ငံ့ဂုဏ်ကို အမြင့်မားဆုံး မြှင့်တင် ဆောင်ရွက်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေသည့် အားကစားမောင်မယ် များသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။

"နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်တွေအားလုံး တရားမျှတခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ စိတ်ဓါတ်မြင့်မြတ်ခြင်း ဆိုတဲ့ အားကစားစိတ်ဓါတ် ၊ အားကစားသီလနဲ့အညီ အနိုင်မခံ အရှုံးမပေးဘဲ ကျားကုတ်ကျားခဲ ကြိုးပမ်းယှဉ်ပြိုင်ပြီး နိုင်ငံ့ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးကြမှာကို နိုင်ငံတော်နဲ့ ပြည်သူတွေက မျှော်လင့်နေကြပါပြီ" ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့သည့် သဝဏ်လွှာတွင်ဖော်ပြထားသည်။

ယင်းအပြင် မြန်မာ U-22 အမျိုးသား ဘောလုံးအသင်းသည် အိမ်ရှင်မလေးရှားကို ရှုံးခဲ့သော်လည်း အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ခဲ့ရသည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly