စစ်တွေဆေးရုံကြီးတွင် H1N1 သံသဃရှိ ကလေးငယ်တစ်ဦး ထပ်မံတွေ့ရှိ

စစ်တွေဆေးရုံကြီးတွင် H1N1 သံသဃရှိ ကလေးငယ်တစ်ဦး ထပ်မံတွေ့ရှိ
ဓာတ်ပုံ - နောင်နောင်/RiA

စစ်တွေ၊ သြဂုတ်လ ၂၂ ရက်။             ။ ရခိုင်ပြည်နယ် စစ်တွေဆေးရုံကြီးတွင် H1N1ဟု သံသဃရှိသည့် ကလေးငယ်တစ်ဦးကို ထပ်မံတွေ့ရှိထားကြောင်း စစ်တွေ အထွေထွေရောဂါကု   ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။

“ဟုတ်ပါတယ်။ H1N1 တော့သေချာပေါက် မတွေ့သေးပါဘူး။ သံသယဖြစ်ဖွယ် တွေ့ရှိတဲ့လူနာက ကလေးငယ်ဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့က အမျိုးသားဓါတ်ခွဲခန်းဌာနကို သေချာအောင် စစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။ H1N1 ဟုတ်လား မဟုတ်လား ဆိုတာကိုတော့ ဓါတ်ခွဲဌာနက အကြောင်းပြန်ပြီးမှ ကျွန်တော်တို့ အဖြေထုတ်နိုင်ပါမယ်။”ဟု ဒေါက်တာ ကျော်နိုင်ဝင်းက ပြောကြားသည်။

အဆိုပါ H1N1 သံသယဖြစ်ဖွယ ်တွေ့ရှိတဲ့ကလေးငယ်မှာ စစ်တွေမြို့ နာရီကန်ကျေးရွာမှ အသက် ၁ နှစ်နှင့် ၃ လ အရွယ် ကလေးငယ်ဖြစ်ပြီး ၎င်းကလေးငယ်မှာ စစ်တွေဆေးရုံကြီးသို့ သြဂုတ်လ ၁၈ ရက်နေ့တွင် ရောက်ရှိလာပြီး ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် သံသယဖြစ်ဖွယ် တွေ့ရှိရခြင်း ဖြစ်ကြောင်း လည်း ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် H1N1 ဖြစ်ပွားသူ ကလေးငယ် ၃ ဦးခန့်ရှိနေပြီဖြစ်ကာ ၎င်းကလေးငယ်များမှာ ကျန်းမာရေး ကောင်းမွန် သောကြောင့် ဆေးရုံကဆင်းခွင့် ပြုလိုက်ပြီဖြစ်ကာ ထပ်မံပြီး သံသယရှိသည့် ကလေးငယ်ကို သီးသန်းအခန်းဖြင့် စနစ်တကျ ကြပ်မတ်ကုသလျှက် ရှိကြောင်းလည်း ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags