‘ပေါ့ဂ်ဘာဟာ လာမယ့် ငါးနှစ်အတွင်း ဘလွန်​းဒီ​အောဆုကို ရရှိလိမ့်မယ်’ - အန်သိုနီမာရှယ်

‘ပေါ့ဂ်ဘာဟာ လာမယ့် ငါးနှစ်အတွင်း ဘလွန်​းဒီ​အောဆုကို ရရှိလိမ့်မယ်’ - အန်သိုနီမာရှယ်
(ဓာတ်ပုံ - အီးပီအေ)

အန်သိုနီမာရှယ်က ၎င်းရဲ့ ပြင်သစ်နှင့် မန်ယူအသင်းဖော် ပေါလ်ပေါ့ဂ်ဘာဟာ အနာဂတ်မှာ ကမ္ဘာ့အကောင်းကစားသမား ဘလွန်​းဒီ​အောဆုရှင်ဖြစ်လာနိုင်ကြောင်း ပြောဆိုသွားပါတယ်။

ပေါ့ဂ်ဘာဟာ ဒီလအစောပိုင်းက စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းနဲ့ ပီအက်စ်ဂျီအသင်းဆီ နေမာ မရောက်ရှိခင်က ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

"ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်။"လို့ MUTV မှာ ထွက်ရှိလာမယ့် ပေါ့ဂ်ဘာရဲ့ အကြောင်းကို ရိုက်ကူးတဲ့ မှတ်တမ်းဗီဒီယိုမှာ မာရှယ်က ပြောပါတယ်။

ပေါ့ဂ်ဘာဟာ ဝက်​စ်​ဟမ်​းနှင့် ဆွမ်​ဆီးတို့ကို​ လေးဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ​တွေမှာ​ ခြေစွမ်​းပြဂိုး​တွေ သွင်​းယူခဲ့ပါတယ်။

"သူဟာ လက်​ရှိပုံစံ​ကောင်​းအတိုင်​း​ ရှေ့ဆက်​ကစားသွားနိုင်​်ပြီး အခုလိုမျိုး တိုးတက်​​နေအုံးမယ်​ဆိုရင်​ သူဟာ လာမယ့် ငါးနှစ်​အတွင်​း ဘလွန်​းဒီ​အောဆုကို ရရှိယူသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။"လို့ မာရှယ်က ပြောပါတယ်။

ပေါ့ဂ်ဘာဟာ ဂျူဗီတပ်စ်အသင်းမှ မန်ယူအသင်းဆီ ပြီးခဲ့တဲ့ သြဂုတ်လက စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်ခဲ့တဲ့ ပေါင် (၈၉)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

"ကျနော်တို့ (ပေါ့ဂ်ဘာ) ယူနိုက်တက်မှာ ဆုဖလားတွေ အများကြီး ရရှိပိုင်ဆိုင်သွားချင်ပါတယ်။ ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားကို ဆွတ်ခူးသွားလိုပါတယ်။"လို့ သူက ဆိုပါတယ်။

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags