အင်​ဒိုအလံကို ​ပြောင်​းပြန်​​ဖော်​ပြခဲ့သည်​့ မ​လေးရှားအစိုးရဝက်ဘ်ဆိုက်များ တိုက်​ခိုက်​ခံရ

အင်​ဒိုအလံကို ​ပြောင်​းပြန်​​ဖော်​ပြခဲ့သည်​့ မ​လေးရှားအစိုးရဝက်ဘ်ဆိုက်များ တိုက်​ခိုက်​ခံရ

ရန်​ကုန်​၊ သြဂုတ်​လ၂၁ ။           ။ အင်​ဒိုနီးရှားအလံအား ​ဆီးဂိမ်​းလက်​ကမ်​းစာရွက်​တွင်​ ပြောင်​းပြန်​​ဖော်​ပြခဲ့သည်​့အတွက်​ အင်​ဒိုနီးရှား ဟက်​ကာများက မလေးရှားအစိုးရဝက်​ဘ်​ဆိုက်​များနှင်​့ တခြား​သောဝက်​ဘ်​ဆိုက်များကို ယ​နေ့သြဂုတ်​လ၂၁ ရက်​တွင် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်​။

မလေးရှား အစိုးရဝက်​ဘ်​ဆိုက်အချို့တွင်​ "Don't touch my country, Don't wake m from my sleep" ဟု​​ ဖော်​ပြထားပြီး မ​လေးရှားအလံအား​​ ပြောင်​းပြန်​ကိုင်​​ဆောင်​ထားသည်​့ပုံအား တင်​ထားခဲ့သည်​။

"အလံဆိုတာ ကစားစရာမဟုတ်​ဘူး"ဟု အင်​ဒိုနီးရှားဘာသာစကားဖြင်​့ "BENDERA NEGARAKU BUKANLAH MAINAN" ဟု အဆိုပါဝက်​ဘ်​ဆိုက်အချို့တွင်​ ​ရေးသားခဲ့ပြီး မှား​ယွင်​း​ဖော်​ပြခဲ့သည်​့ အလံပါ လက်​ကမ်​းစာရွက်ပုံကိုပါ ​ဖော်​ပြထားခဲ့သည်​။

(၂၉)ကြိမ်​​မြောက်​ဆီးဂိမ်​းလက်​ကမ်​းစာ​ရွက်​တွင်​ အိမ်​ရှင်​အဖြစ်​လက်​ခံကျင်​းပ​ပေး​နေ​သော မ​လေးရှားနိုင်​ငံမှ အင်​ဒိုနီရှားနိုင်​ငံ၏ အလံကို ​ပြောင်​းပြန်​ထည့်​သွင်​းမိခဲ့ပြီး ထိုကိစ္စအတွက်​ ပြန်​လည်​​တောင်​းပန်​ခဲ့ရသည်​။

မ​လေးရှားအစိုးရဝက်​ဘ်​ဆိုက် ၂၂ ခု တိုက်ခိုက်ခံခဲ့ရပြီး ၀က်ဘ်ဆိုက် ရ၀ ကျော်  တိုက်ခိုက်ခံခဲ့ရ သည်။

မ​လေးရှားအစိုးရဝက်​ဘ်​ဆိုက် ၂၂ ခု တိုက်ခိုက်ခံခဲ့ရပြီး ၀က်ဘ်ဆိုက် ရ၀ ကျော် ယနေ့ သြဂုတ် ၂၁ ရက်နေ့လည်ပိုင်းမှ စတင်အတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ ယခုညပိုင်းအချိန်ထိ အဟက်ခံထားရဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly