Dr. Dre ၊ Eminem၊ Adele တို့နှင့်အတူ ပူးတွဲ၍ သီချင်းဖန်တီးချင်ကြောင်း DJ Khaled ပြောကြား

Dr. Dre ၊ Eminem၊ Adele တို့နှင့်အတူ ပူးတွဲ၍ သီချင်းဖန်တီးချင်ကြောင်း DJ Khaled ပြောကြား

Billboard မှ ကျင်းပပြုလုပ်သော ပေါက်သီချင်း ၁၀၀ သီချင်းပွဲတော်၌ မဖျော်ဖြေမီတွင် DJ Khaled က Billboard နှင့်အတူ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့သော သူ၏သီချင်းအယ်လ်ဘမ် Grateful နှင့် ပက်သက်သော အချက်အလက်များကို ပြောကြားခဲ့သည်။

“ Billboard ရဲ့ မျက်နှာဖုံးဓာတ်ပုံအတွက် ကျနော်ရိုက်ကူးခဲ့တဲ့နေ့ဟာ ကျနော့်ရဲ့ Grateful အယ််လ်ဘမ်ထဲက I’m the One ဆိုတဲ့သီချင်းဟာ အပေါက်ဆုံး သီချင်း ၁၀၀ စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့နေ့ဖြစ်ပါ တယ်” ဟု DJ Khaled က ပြောခဲ့သည်။

Grateful အယ်လ်ဘမ်ထဲမှ သီချင်းတစ်ပုဒ်စီတိုင်းသည် ပေါက်သီချင်းများဖြစ်ခဲ့သောကြောင့် DJ Khaled အနေဖြင့် ထပ်မံပြီး သီချင်းများကို ဖန်တီးသွားလိုကြောင်း ပြောကြားခဲ့သည်။ Grateful အယ်လ်ဘမ်ထဲတွင် DJ Khaled သည် ရီဟားနား၊ ဂျက်စတင်ဘီဘာ၊ Chance the Rapper နှင့် အခြားသော နာမည်ကြီးအဆိုတော် များနှင့်အတူ သီချင်းများ ပူးတွဲဖန်တီးခဲ့သည်။

ထို့ကြောင့် နောက်ထပ်ဖန်တီးမည့် သီချင်းများတွင် မည်သည့်အဆိုတော်များနှင့် ပူးတွဲဖန်တီးချင်သလဲဟု Billboard က မေးမြန်းခဲ့ရာ “ ကျနော် Dr.Dre ၊ Eminem ၊ Adele တို့နဲ့အတူ သီချင်းအသစ်တွေ ပူးတွဲဖန်တီး ချင်ပါတယ်” ဟု DJ Khaled က ဖြေကြားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly