မြန်မာ-မလေးရှားပွဲစဉ်တွင် ဂိတ် (A) ဝင်ပေါက် ၌ မြန်မာလူမှုကူညီရေးအသင်းများမှ ကူညီသွားမည်

မြန်မာ-မလေးရှားပွဲစဉ်တွင် ဂိတ် (A) ဝင်ပေါက် ၌ မြန်မာလူမှုကူညီရေးအသင်းများမှ ကူညီသွားမည်

သြဂုတ် ၂၁ ။            ။ ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပွဲစဉ်ထဲမှ အုပ်စု (က) ရှိ မြန်မာအသင်း၏ အုပ်စု နောက်ဆုံးပွဲစဉ် ဖြစ်သော မြန်မာ - မလေးရှား ပွဲစဉ်ကို  ယနေ့ သြဂုတ်လ ၂၁ ရက်၊ ဒေသစံတော်ချိန် ၈နာရီ ၄၅ မိနစ်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဂိတ် (A) ဝင်ပေါက်တွင် မြန်မာလူမှုကူညီရေးအသင်းများမှ ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာပရိသတ်များအတွက် ကားရပ်နားရန်၊ လက်မှတ်ဝယ်ရန်၊ ကွင်းအတွင်းသို့ ဝင်ရန် ကိစ္စရပ်များအတွက် Shah Alam ဘောလုံးကွင်း၊ ဂိတ် (A) ဝင်ပေါက်၌ စီစဉ်ထားရှိထား ကြောင်း မလေးရှားရောက်မြန်မာများပေ့ချ်မှ သိရသည်။

ဂိတ်(A) တွင် ဘောလုံးပွဲလာရောက်ကြည့်ရှုမည့် မြန်မာနိုင်ငံသား ပရိသတ်များ အတွက် လိုအပ်သော အကူညီများရှိပါက ဖွဲ့စည်းထားသော မြန်မာလူမှုအသင်းအဖွဲ့များ နှင့် လုပ်အားပေးများ သည်လည်း ရှိနေမည်ဖြစ်ပြီး တစ်စုံတစ်ရာသော ကိစ္စများပေါ်ပေါက်လာပါက မြန်မာများအနေဖြင့် ချက်ခြင်း အကူညီတောင်းခံနိုင်ကြောင်း သိရသည်။

အကုညီလိုအပ်ပါက မြန်မာ Volunteer ဖုန်းနံပတ်များဖြစ်သော ဦးအောင်သန်းညွှန့် - 019 6491473၊ ဦးသက် - 017 2838470၊ ဦးကိုကိုလတ် - 0111 50 60 890 ၊ ဦးမျိုးညွှန့် - 014 2352558၊ ဦးအောင်မင်းကြည် - 0112 585 0026၊ ဦးသန်းနိုင် - 0112 84 84 788၊ ဦးနိုင်ဝင်း - 017 3457 491 ဦးအောင်မျိုးနိုင် - 014 3644 298၊ ဦးချမ်းမြေ့ - 016 9979 123 တို့ သို့ ဆက်သွယ်နိုင်ကြောင်း   ဖော်ပြထားသည်။

လက်ရှိအချိန်တွင် Shah Alam ကွင်းအတွင်းသို့ လူများ စတင်ဝင်ရောက်တန်းစီနေကြပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly