အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဗဟိုဘဏ်ရဲ့ မူဝါဒ ဘာအပြောင်းအလဲလုပ်ဖို့ လိုမလဲ (အပိုင်း ၁)

21 August 2017
အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဗဟိုဘဏ်ရဲ့ မူဝါဒ ဘာအပြောင်းအလဲလုပ်ဖို့ လိုမလဲ (အပိုင်း ၁)

ဦးအောင်သူရ

Mizzima Media

          နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ပြီးတော့ ပုဂ္ဂလိက အခန်းကဏ္ဍတွေ ဖွံ့ဖြိုးဖို့က ဒေါက်တိုင်တစ်ခုလို အရေးပါနေပြီးတော့ အဲဒီကဏ္ဍတွေ ရေရှည်ရှင်သန်ဖို့ကလည်း အလွန်ကို အရေးကြီးနေပါတယ်။ ဒါပေမယ့် ရာစုနှစ် တစ်ဝက်လောက် အထီးကျန်ဆန်ခဲ့တဲ့ မြန်မာနိုင်ငံအဖို့ ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှုတွေ ကင်းကွာခဲ့သလို နည်းပညာဆိုင်ရာ ရှင်သန်မှုတွေ တိုးတက်မှုတွေကလည်း နိုင်ငံအတွင်းမှာ အဆက်အသွယ် ပြတ်နေခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အစိုးရတစ်ရပ် ပြုပြင်ပြောင်းလဲမှုကနေ စပြီးတော့ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးနဲ့ ပြန်လည်အဆက်အသွယ်ရပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် နာမည်ကောင်းတွေ ရလာဖို့ အကောင်းရှုမြင်မှုတွေ ရှိလာခဲ့ပါတယ်ခင်ဗျ။

ဒါပေမယ့် စီးပွားရေးရဲ့ တကယ့်ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်လာဖို့ကတော့ ပြောင်းလဲမှုတွေ နှေးကွေးနေတာတွေ ရှိနေပါတယ်။ အဲလိုပြောင်းလဲမှုတွေ လိုအပ်ချက်တွေ ရှိနေတဲ့အပိုင်းမှာ ဘဏ်လုပ်ငန်းတွေ ပိုပြီး တိုးတက်ဖို့ ပွင့်လင်းမြင်သာမှု ရှိဖို့ ပိုပြီးတော့ စွန့်စားလုပ်ကိုင်မှု ရှိဖို့ဆိုတဲ့ အချက်အလက်တွေကလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် ဘဏ်တွေကနေ ပြန်လည်ကြားသိရတဲ့ အချက်တွေမှာလည်း ဘဏ်လုပ်ငန်းတွေဟာ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုတွေအတွက်ကို အကန့်အသတ်တွေ ရှိနေတယ်။ ဒါဟာ ဗဟိုဘဏ်နဲ့ သက်ဆိုင်နေတယ် ဗဟိုဘဏ်မှာ အကန့်အသတ်တွေ ရှိနေတယ်ဆိုပြီးတော့လည်း ပြန်ပြီး လက်ညှိုးထိုးကြတာလည်း ရှိပါတယ်။

ဟုတ်ကဲ့ပါ အခုတစ်ပတ် မဇ္ဈိမရဲ့ စကားဝိုင်း ဆွေးနွေးမှုကနေ ဗဟိုဘဏ် တကယ်ကို ပြောင်းလဲမှုကနေ လုပ်ကိုင်နေသလား ဘဏ်တွေရှင်သန်ဖို့ ဗဟိုဘဏ်ဟာ လက်ရှိအခြေအနေမှာ ဘာတွေ ပိုပြီးတော့ အရှိန်မြင့်သင်သလဲဆိုတဲ့ အကြောင်းအရာကို ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကို ကျွန်တော်နဲ့အတူ ဆွေးနွေးဖို့အတွက် ငွေကြေးဆိုင်ရာနယ်ပယ်က ပုဂ္ဂိုလ်တွေ စီးပွားရေးလုပ်ငန်းရှင်တွေကို ကျွန်တေ်ာ ဖိတ်ခေါ်ထားပါတယ်ခင်ဗျ။

ကျွန်တေ်ာရဲ့ ဘယ်ဘက်ကနေပြီးတော့ စပြီးတော့ မိတ်ဆက်ပေးပါမယ်ခင်ဗျာ။ ကျွန်တေ်ာရဲ့ ဘယ်ဘက်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ကတော့ မင်္ဂလာမြန်မာ ငွေကြေးအဖွဲ့အစည်းရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဖုန်းဝင်း ဖြစ်ပါတယ်ခင်ဗျာ။ ပြီးတော့ အသေးစား အလတ်စား လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Myanmar Hand In Hand Marketing and Services ရဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါ်အေးမြတ်မြတ်သူလည်း ပါဝင်ပါတယ်။ ပြီးတော့ ဘဏ်လုပ်ငန်းမှာ ပါဝင်ပတ်သက်ဖူးသူတစ်ယောက် ဖြစ်သလို လက်ရှိ Myanmar Pay Union ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ ကိုဇော်လင်းထွဋ်ကိုလည်း ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။

ဆိုတော့ ကျွန်တော်တို့ရဲ့ ဒီ စကားဝိုင်း ဆွေးနွေးမှုအစီအစဉ်မှာ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ တကယ့် ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားနေရတဲ့ ဒေါ်အေးမြတ်မြတ်သူကို အရင်ဆုံး မေးချင်ပါတယ်ခင်ဗျ။ လက်ရှိအချိန် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေအပေါ်မှာ ယုံကြည်မှု ရှိလာပြီလား။ ဘယ်လိုမြင်လဲခင်ဗျ။ အဲဒီမေးခွန်းလေး မေးချင်ပါတယ်။

ဒေါ်အေးမြတ်မြတ်သူ (အုပ်ချုပ်မှု ဒါရိုက်တာ)

Myanmar Hand In Hand Marketing and Services

ဟုတ်ကဲ့ပါရှင့်။ ပြောရမယ်ဆိုလို့ရှိရင် ငွေကြေးပေါ့ ကျွန်မတို့ဆီမှာ ဆိုလို့ရှိရင် လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ဆိုရင် အဆင့်တိုင်းမှာ ကနဦး လုပ်ငန်းရှင် အဆင့်ကနေပြီးတော့မှ တကယ့် အောင်မြင်နေတဲ့ လုပ်ငန်းတွေအဆင့်ထိက ငွေကြေးလိုအပ်မှုဆိုတာ အမြဲတမ်း ရှိနေပါတယ်။ ငွေကြေးက ကျွန်မတို့ Investment တွေ ပြန်လုပ်မယ် လုပ်ငန်းတွေ တိုးချဲ့မယ် စသည်ဖြင့် လိုအပ်တယ်ပေါ့။ အဲလိုအခါမျိုးမှာ ကျမတို့က ဘဏ်တွေနဲ့ ပတ်သက်ရတယ်။ နိုင်ငံတော်အနေနဲ့ဆိုလို့ရှိရင်လည်း ပံ့ပိုးပေးမှု တခြား ဘာတွေရနိုင်မလဲပေါ့ မျှေလင့်ထားပါတယ်။ အဲတော့ တိုးတက်မှု ရှိလာပြီလားဆိုရင်တော့ အခု ကျွန်မတို့ ကြားသိထားရတဲ့ အနေအထားအရဆိုရင် မူဝါဒအပိုင်း ပြောင်းလဲမှုတွေလည်းရှိမယ် နောက်ပိုင်း အခုလက်ရှိမှာလည်း အင်တာနေရှင်နယ်ကနေပြီးတော့ အခုလက်ရှိ အကူအညီတွေ ရထားတာရှိတယ်။ အဲတော့ အရင်တုန်းကဆိုလို့ရှိရင် မောကစ် လုံး ပေါ့ ဒါမျိုးတွေ ရှိနေရာကနေပြီးတော့ အခုဆိုလို့ရှိရင် ပရောဂျက်လုံးတွေ တခြား လုံုးအမျိုးအစားတွေ ပေါ်လာတယ်ပေါ့။ အဲဒီအပေါ်မှာတော့ ကျမတို့ မျှော်လင့်ချက်ရောင်ခြည်တွေတော့ သန်းလာတယ်။ ဒါပေမယ့် အခက်အခဲတွေကတော့ အခုထက်ထိ ရှိနေတုန်းပါပဲ။

ဦးအောင်သူရ

Mizzima Media

ဟုတ်ကဲ့ခင်ဗျ။ ဆိုတော့ ဗဟိုဘဏ်အနေနဲ့ သမ္မတဦးသိန်းစိန်လက်ထက်က စပြီးတော့ နိုင်ငံခြားဘဏ်ခွဲတွေလည်း ဖွင့်လုပ်ခဲ့တာ လုပ်ပေးခဲ့တာတွေလည်း ရှိတယ်ခင်ဗျ။ နောက်ပြီးတော့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း ဥပဒေကိုလည်း ၂၀၁၆ မှာလည်း ပြင်လည်ပြင်ဆင်ခဲ့တာတွေ ရှိသလို ပြီးတော့ အသေးစား ငွေကြေးလုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်စေတဲ့ အဖွဲ့တွေလည်း တွေ့ရတယ်။ အကောင်းမြင်မှုနဲ့ ကျွန်တော်တို့ ချည်းကပ်ကြည့်မယ်ဆိုရင်တော့ ဒီလိုဒီလိုအပိုင်းတွေမှာတော့ ဗဟိုဘဏ်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတယ်ပေါ့နော်။ ဒါပေမယ့် ဘဏ်တွေကလည်း ခုနက ကျွန်တော် အရှေ့မှာ ပြောခဲ့သလိုမျိုး ပိုပြီး ဖွံ့ဖြိုးဖို့အတွက်ကို ဗဟိုဘဏ်ကို လက်ညှိုးထိုးကြတာ ရှိတယ်ခင်ဗျာ။ ဥပမာ အပေါင်ပစ္စည်းနဲ့ ငွေချေးနေရတဲ့အပိုင်းတွေမှာလည်း အကန့်အသတ်တွေ ရှိနေတာတွေလည်း ပြောကြတယ်ခင်ဗျ။ ဆိုတော့ ကိုဇော်လင်းထွဋ်ကို မေးချင်ပါတယ်။ ဗဟိုဘဏ်မှာ တကယ် အကန့်အသတ်တွေ ရှိနေလားခင်ဗျ။ ဗဟိုဘဏ်က ဘာတွေ ပြောင်းလဲသေးလဲ။

ဦးဇော်လင်းထွဋ် (CEO)

Myanmar Pay Union (MPU)

အမှန်တကယ်တော့ အပေါင်ပစ္စည်းနဲ့ ငွေချေးတယ်ဆိုတာ ဗဟိုဘဏ်မှာ အဲဒါ မသတ်မှတ်ထားပါဘူး။ ဗဟိုဘဏ်က ကိုယ့်ဘာသာကိုယ် လမ်းမှာ ချေးချင်ရင်ချေး ခုနကပြောသွားသလို တခြား မောဂေ့နဲ့ ချေးချင်ရင်ချေး၊ သို့မဟုတ် အပေါင်မပါပဲ ချေးချင်ရင် ချေးလို့ရတယ်။ ဒါပေမယ့် ခုနက အကိုပြောသွားသလိုပဲ နှစ် ၅၀ လောက် ကျွန်တေ်ာတို့က Economical ပိတ်ပြီးတော့ တစ်ချိန်လုံး အပေါင်ပစ္စည်းနဲ့ ချေးနေတဲ့ဟာကို သွားနေတဲ့အချိန်မှာ ဘဏ်တွေအနေနဲ့လည်း ခုနကပြောသလို ဒီရေစီးကြောင်းကပဲ အပေါင်၊ အပေါင်၊ အပေါင်ပါမှပေါ့နော်။ နောက်တစ်ခုက ဘာလဲဆိုတော့ ဘဏ်တွေဘက်ကလည်း အပေါင်ဘက်ကို လုပ်ငန်းရှင်တွေဘက်ကလည်း ဟုတ်ပြီ အဲဒါဆို်လို့ရှိရင် ကျွန်တေ်ာတို့က Card Follow တွေ ဘဏ္ဍာရေးစည်းမျဥး်တွေနဲ့ ချေးမယ်ပေါ့နော် အဲဒါဆိုရင် လုပ်ငန်းရှင်တွေဘက်ကရော ခုနကပြောသလိုမျိုး ဒီဘဏ္ဍာရေးရှင်းတမ်းတွေကို မှန်မှန်ကန်ကန်နဲ့ တင်ပြနိုင်လားပေါ့နော်။ အဲဒါကလည်း ကျွန်တော်တို့ စဉ်းစားစရာတွေ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ လုပ်ငန်းရှင်တွေဘက်ကိုလည်း အပြစ်ပြောတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခု ဘဏ်မှာ ချေးငွေချေးတော့မယ် ခုနကပြောသလိုမျိုး အပေါင်နဲ့ ချေးတော့မယ်ဆိုရင် လုပ်ငန်းရှင်က အခြားတစ်ယောက်ကို ပက်ဆံပေးပြီးတော့ အပ်လိုက်တာ။ အပ်ပြီး သူလိုချင်တဲ့ဟာနဲ့ တင်လိုက်တာ။ ဆိုတော့ အဲဒီ finical Statement အပေါ်မှာ ဘဏ်တွေအနေနဲ့ရော ဘယ်လောက်ထိ ယုံကြည်ပြီးတော့ ချေးလို့ရမလဲပေါ့။ အဓိကတော့ သူတို့နေရာမှာတော့ ဗဟိုဘဏ်ကကြီးပဲ လုပ်လို့မရဘူး။ ဘဏ်လုပ်ငန်းရှင်တွေချည်းပဲ လုပ်လို့မရဘူး။ အဲလိုမျိုးပဲ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ခုနကပြောသလိုမျိုး Finical Statement တွေလည်း ရှိလာရမယ်။ ခုနပြောသလိုမျိုး သေသေချာချာ စာရင်းဇယားတွေ ထားလာရမယ်။ အားလုံး အကုန် ပြုပြင်မှပဲ ဒါက တိုးတက်မယ်လို့ ကျွန်တော်က ထင်ပါတယ်။

ဦးအောင်သူရ

Mizzima Media

ဟုတ်ကဲ့ခင်ဗျ။ ကျွန်တေ်ာတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီး ဇူလိုင်လ ၂၉ ရက်နေ့က စီးပွားရေးမူဝါဒ ၁၂ ချက်ကို ထုတ်ပြန်ခဲ့တယ်ပေါ့နော်။ အဲဒီမှာ ဘာပါလဲဆိုတော့ နိုင်ငံသားတိုင်း လူသားတိုင်း လက်လှမ်းမှီနိုင်တဲ့ ငွေကြေးစနစ်တွေဖြစ်ပေါ်လာရေးဆိုပြီးတော့ ပါလာတယ်။ ဆိုလိုချင်တာကတော့ ပြည်သူလက်ထဲမှာ လုပ်ငန်းတိုးချဲ့ဖို့ လုပ်ငန်းထူထောင်ဖို့အတွက်ကို ငွေကြေးစနစ်တွေ ရှိရမယ်လို့လည်း ပြောတာနဲ့ အတူတူပေ့ါနော်။ ဆိုတော့ ကျွန်တေ်ာ အရှေ့မှာပြောခဲ့သလိုပဲ အသေးစား ငွေချေးလုပ်ငန်းတွေကလည်း ဒီ ပြီးခဲ့တဲ့ သုံးလေးငါးနှစ်အတွင်းမှာ အရေအတွက်တွေ များလာတယ်ပေါ့နော်။ နိုင်ငံခြားရော၊ ပြည်တွင်းရောပေါ့နော်။ ဒေါက်တာဖုန်းဝင်းလည်း ဒီမှာ ပါဝင်ပတ်သက်နေသူ ဖြစ်ပါတယ်ခင်ဗျာ။ ဆိုတော့ လက်ရှိအချိန်ထမှာ ဗဟိုဘဏ်ရဲ့ ချမှတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို လိုက်နာရင်းနဲ့ အသေးစား ငွေချေးလုပ်ငန်းတွေ လုပ်ကိုင်ရတဲ့အပေါ်မှာရော ပြည်သူလက်ထဲမှာ ငွေချပေးတဲ့အပေါ်မှာရော အားရရဲ့လားခင်ဗျ။

ဒေါက်တာ ဖုန်းဝင်း(ဒါရိုက်တာ)

မင်္ဂလာမြန်မာ ငွေကြေးအသင်း

ဗဟိုဘဏ်နဲ့ အသေးစား ငွေချေးလုပ်ငန်းနဲ့က မဆိုင်ဘူးလို့ ပြောရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဗဟိုဘစ်ကတော့ ဘာကိုထိန်းချုပ်လဲဆိုတော့ အဓိက ဘဏ်စနစ်ကို ထိန်းချုပ်တယ်။ ပြည်တွင်းကဘဏ်တွေ ပြည်ပကဘဏ်တွေ ကိစ္စကို သူလုပ်တယ်။ ကျွန်တေ်ာတို့ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကို ပြောမယ်ဆိုရင်တော့ ဒါက စီမံကိန်းန့ ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ကို ရောက်သွားတယ်။ ဆိုတော့ ဒီဟာကတော့ တကယ်တော့ လူတွေကတော့ သိပ်မရှင်းဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အသေးစား ငွေရေးကြေးရေးလုပ်ငန်းကို ဘဏ်လိုပဲ တစ်ချို့တွေက ယူဆတာရှိတယ်။ တကယ်တော့ အသေးစား ငွေရေးကြေးရေးလုပ်ငန်းက ဘဏ်လုပ်ငန်းမဟုတ်ဘူး။ သူက လုပ်ငန်းသေးသေးလေးတွေကို ထောက်ပံ့နိုင်အောင်လို့ တခြား ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုပဲ ဖြစ်တယ်ပေါ့လေ။ ဒါပေမယ့် ကျွန်တေ်ာ ခုနကမေးခွန်းကို ပြန်ပြီးတော့ ဖြေရမယ်ဆိုလို့ရှိရင် ဒီဗဟိုဘဏ်နဲ့ ပြည်တွင်းဘဏ်တွေ ပြည်ပဘဏ်တွေနဲ့ ဆက်ဆံရေးကတော့ ကျွန်တေ်ာတို့ရဲ့ အသေးစား ငွေရေးကြေးရေး လုပ်ငန်းတွေကိုတော့ ရိုက်ခက်မှု ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငွေအများကြီးကို တိုင်တွယ်တဲ့အပိုင်းကတော့ ဘဏ်တွေက ကိုင်တွယ်တာကို။ ပမာဏများတဲ့ဟာတွေ နှစ်ရှည်တဲ့ဟာတွေ သူတို့က မကိုင်တွယ်နိုင်ပဲနဲ့ သူတို့က လွှတ်ပေးလေ ကျွန်တေ်ာတို့ဆီကို ရောက်လာလေပေ့ါ။ ကျွန်တော်တို့ဆီကို ဆိုတာက အသေးစား ငွေချေးလုပ်ငန်းတို့ တခြား ငွေချေးလုပ်ငန်းတို့ဆီကို ရောက်လာတယ်။ အဲဒီ ငွေချေးလုပ်ငန်းရဲ့ လိုအပ်ချက်က ဘဏ်တွေ လွှတ်ပေးလိုက်တဲ့ဟာ အဲဒါက မကိုင်တွယ်ပဲနဲ့ မနိုင်လို့ စည်းမျဉ်းစည်းကမ်းအရ မကိုင်တွယ်နိုင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ ကျွမ်းကျင်မှုမရှိလို့ မကိုင်တွယ်နိုင်တာလည်း ဖြစ်နိုင်တယ်။ ငွေရေးကြေးရေး မပြည်စုံလို့ မကိုင်တွယ်နိုင်လို့ လွှတ်လိုက်တာလည်း ဖြစ်နိုင်တယ်။ အဲလို လွှတ်လိုက်တာတွေအားလုံးက ကျွန်တော်တို့ဆီကို ပုံကျလာတယ်ပေါ့။ အဲတော့ ကျွန်တေ်ာတို့ရဲ့ လုပ်ငန်းမှာတော့ ငွေရေးကြေးရေး လိုအပ်ချက်က အများကြီးဖြစ်တယ်။ ကျွန်တော်တို့လည်း မနိုင်မနင်းဖြစ်တယ်။ ပြီးတော့ တကယ်တမ်းပြောရရင် အသေးစား ငွေရေးကြေးရေးလုပ်ငန်းရဲ့ အဆင်မပြေမှုကတော့ တစ်လတစ်ခါ ဒါမှမဟုတ်ရင် နှစ်လတစ်ခါ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းတယ်။ အဲဒါကလည်း နှစ်နှစ် သုံးနှစ် ဆက်တိုက်ရှိပြီ မတည်ငြိမ်ဘူးပေါ့။ ဆိုလိုတာက ကျွန်တေ်ာတို့က တာထွက်လိုက်ကတည်းက ဘယ်လိုတာထွက်ရမယ်ဆိုတာကို ကိုယ့်ကိုကိုယ် မသိပဲနဲ့ တာထွက်လိုက်တယ်။ ထွက်လိုက်ပြီးတော့မှ လမ်းတစ်ဝက်လည်းရောက်ရော ဘယ်ဘက်ကိုပြေးလိုက် ညာဘက်ကိုပြေားလိုက်နဲ့ ကျွန်တော်တို့က ပြေးတဲ့အခါကျတော့ တကယ်တမ်း ကျွန်တေ်ာတို့ရဲ့ပြဿနာ လူကြီးတွေက တာဝန်ရှိသူတွေ နားမလည်တာက ဘဏ်နဲ့ ကျွန်တေ်ာတို့နဲ့ မတူတာက ဘဏ်က သိန်း ၁၀၀ ဆိုရင် လူတစ်ယောက်နဲ့ပဲ စကားပြောဖို့ လိုရင်လိုမယ် သိန်း ၂၀၀ လောက်ဆိုရင်လည်း လူတစ်ယောက်နဲ့ပဲ စကားပြောဖို့ လိုရင်လိုမယ် ကျွန်တော်တို့ဆိုရင် သိန်း ၁၀၀၊ ၂၀၀ လောက်ဆိုရင် လူ ၅၀ ဦး ၁၀၀ လောက်နဲ့ စကားပြောရင် ပြောရတယ်။ စည်းမျဉ်းစည်းကမ်း တစ်ခု ပြောင်းလိုက်လို့ရှိရင် လူ ရာနဲ့ချီပြီးတော့ ရှင်းပြရတဲ့အချိန်မှာ ကျွန်တော်တို့ မလွယ်ပါဘူး။ ဆိုတော ့ဒီလိုမျိုး ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ မတည်ငြိမ်တဲ့ကိစ္စတွေဖြစ်တယ်။ အဲလိုဖြစ်တဲ့ကိစ္စထဲမှာ ကျွန်တော် ပြောရမယ်ဆိုလို့ရှိရင် စစချင်း ကျွန်တော်တို့လုပ်ငန်းတွေ လုပ်တုန်းက ငွေကြေးထုတ်ချေးတဲ့ ပမာဏကို မသတ်မှတ်ထားဘူး။ နောက်ကျတော့ ကျွန်တော်တို့က တဖြည်းဖြည်း တိုးရင်းတိုးရင်းနဲ့ ကျွန်တော်တို့ သိန်း ၁၀၀ ထုတ်ချေးမယ်လို့လဲ ကြေညာလိုက်ရော လွန်ခဲ့တဲ့ သုံးနှစ်လောက်က ၅ သိန်းပဲ ချေးပါဆိုပြီးတော့ ကန့်သတ်လိုက်ပြန်ရော။ ဆိုတော့ ကျွန်တော်တို့က ချေးမယ်လို့လဲ အကုန်လုံးလည်း စီစဉ်ပြီးပြီ အကုန်လုံးလည်း လုပ်ပြီးပြီ ၅ သိန်းဆိုပြီးတော့ လုပ်ပြန်ရော အဲတော့ ကျွန်တော်တို့နဲ့ အတိုက်အခံတွေ ဖြစ်ပြီးတော့ နောက် တစ်နှစ် နှစ်နှစ်ကျတော့ သိန်း ၅၀ တော့ ရပါတယ်ဆိုပြီးတော့ တစ်ဝက် ကြားချလိုက်တယ်။

ဦးအောင်သူရ

Mizzima Media

အဲဒါက ဘယ်ကလုပ်တာလဲ။ ကျွန်တော်ကြားဖူးတာပေါ့နော် အသေးစား ငွေချေးလုပ်ငန်းတွေအတွက် တစ်နှစ်ကို ၃၀ ရာခိုင်နှုန်းဆိုတော့ တချို့ နိုင်ငံခြားလုပ်ငန်းတွေကတော့ ပြောတယ်ခင်ဗျ Part Myanmar တို့လိုကပေါ့။ သူတို့ဆိုရင် အတိုးနှုနး်က သူတို့ လုပ်ငန်းလုပ်ကိုင်ရတာ Rich အရမ်းယူရတယ်ပေ့ါနော်။ ဆိုတော့ အဲဒါ ပြောကြတယ်ဆိုတော့ ဒီ အတိုးနှုန်းကကျတော့ ဘယ်သူနဲ့ တိုက်ရိုက် သက်ဆိုင်လဲ။

ဒေါက်တာ ဖုန်းဝင်း(ဒါရိုက်တာ)

မင်္ဂလာမြန်မာ ငွေကြေးအသင်း

အဲဒါက ဘဏ္ဍာရေးဘက်ကနေ ဖြစ်နေတာပေါ့လေ။ အတိုးနှုန်း သတ်မှတ်တာကလည်း ဘဏ္ဍာရေးဘက်ကပဲ သတ်မှတ်တယ်။ အတိုးနှုန်းတွေကလည်း ခုနက ကျွန်တော်တို့ပြောသလို နိုင်ငံတကာ စံချိန်စံနှုန်းအရဆိုရင် ဒါဟာ မသတ်မှတ်သင့်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်ချေးရတဲ့ လုပ်ငန်းအမျိုးအစား ထုတ်ချေးရတဲ့ နေရာဒေသ ဒါတွေအပေါ်ကို မူတည်ပြီးတော့ ဒါတွေက အပြောင်းအလဲရှိတယ်။ စီးပွားရေးလုပ်ငန်းအားလုံးက ခုနကပြောတဲ့ အန္တရာယ်များတာပေါ့နော်။ အန္တရာယ်များတဲ့ ရာခိုင်နှုန်းက တူကြတာမဟုတ်ဘူး နေရာဒေသအလိုက် မတူဘူ။ ဆိုတော့ အဲဒါတွေကို နေရာဒေသအလိုက် ကျွန်တော်တို့က တစ်မျိုးတည်း သတ်မှတ်တဲ့အခါကျတော့ ဂွတ်ကျတာပေါ့။ အလုပ်လုပ်လို့မရဘူး။ တစ်ချို့လုပ်ငန်းတွေကိုပဲ ကူလို့ရတယ်။ တစ်ချို့လုပ်ငန်းတွေကျတော့ ကျွန်တော်တို့ ကူလို့မရဘူး။ ဆိုတော ့ငွေကြေး ပမာဏအားဖြင့်သော်လည်ကောင်း ခုနကပြောတဲ့ အတိုးနှုန်းအားဖြင့်သော်လည်ကောင်း ဒီကန့်သတ်တာတွေက အမျိုးမျိုးပြောင်းတယ်။ ပြောင်းတဲ့အခါကျတော့ ကျွန်တော်တို့က လူအများကြီးနဲ့ ဆက်ဆံတဲ့အခါမှာ မပြေမလည်တွေ ဖြစ်တာပေါ့။ ဆိုတော့ အဲဒါကိုပဲ ကျွန်တော်တို့က နားလည်အောင် ရှင်းပြနေရတာနဲ့ပဲ ကိုယ့်ရဲ့ နဂို မူလရည်ရွယ်ချက်ဖြစ်တဲ့ အသေးစားလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ်ဆိုတဲ့ ကိစ္စက မကူညီနိုင်တော့ပဲနဲ့ ကျွန်တော်တို့က စညး်ကမ်းနဲ့ မူနဲ့ ဘောင်နဲ့ ဝင်ရအောင်ပဲ မနည်း လုပ်နေရင်းနဲ့ ကိုယ့်ဘာသာကိုယ် လုံးလည်ချာလပတ် ရိုက်နေတယ်။ 

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly