အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ခဲ့သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ခဲ့သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်

ရန်ကုန်၊ သြဂုတ်လ ၂၁ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား သားမယားပြု ကျင့်ခဲ့သူ တရားခံ မင်းမင်းကို ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂ဝ ကျခံစေရန် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ယနေ့အမိန့်ချမှတ်လိုက်သည်။

သားမယားပြုကျင့်ခဲ့သူ အသက် ၂ဝ အရွယ် တရားခံ မင်းမင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၇၆ အရ ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်အနှစ် ၂ဝ နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၆၃ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ကို ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုချမှတ်ခဲ့သော ပြစ်ဒဏ်နှစ်ရပ် တစ်ပေါင်းတည်းကျခံစေရန်နှင့် ချုပ်ရက်များကို ပြစ်ဒဏ်မှ ထုတ်နှုတ်ခံစား ခွင့်ပြုကြောင်း ရန်ကုန်အရှေ့ ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရား သူကြီး ဦးမြတ်စံက အမိန့်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် အဆိုပါ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ခဲ့သူ မင်းမင်းအနေဖြင့် အ လုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂ဝ ကျခံရမည်ဖြစ်သည်။

အဆိုပါ အမှုဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၂ ရက်နေ့၊ ညနေ ၆ နာရီ၊ ၃ဝ မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တောင်ဒ ဂုံမြို့ နယ်၊ ကေတုမဏီလမ်း၊ ၁ဝ၆ ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၄ အရွယ် မိန်းကလေးငယ်မှာ ကျောင်း လွှတ် ချိန်တွင် အိမ်သို့ ရောက်ရှိလာခြင်းမရှိသဖြင့် အုပ်ထိန်းသူများက စုံစမ်းခဲ့ရာ ယခုရည်စားဖြစ်ခဲ့သူ ဒဂုံဆိပ် ကမ်း မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ညောင်ပင်ရွာတွင်   နေထိုင်သည့် အသက် ၂ဝ အရွယ် မင်းမင်းဆိုသူက ဆိုင်ကယ် ဖြင့် ညောင်ပင်ရွာရှိ ၄င်းအကို နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိန်းကလေးငယ်အား မင်းမင်းဆိုသူက ညောင်ပင်ရွာရှိ ၄င်းအကို နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး သားမ ယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့သဖြင့် အုပ်ထိန်းသူများက   တောင်ဒဂုံမြို့နယ်ရဲ နယ်ရဲစခန်းသို့ အမှုဖွင့် တိုင် ကြားခဲ့ခြင်းဖြစ်သည်။

အလားတူ သြဂုတ်လ ၁၈ ရက်နေ့ကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၈ ရပ်ကွက်နေ  အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှုဖြင့် တရားခံဖြစ်သူ အသက် ၂၂ နှစ်အရွယ် မင်းမင်းဦး(ခ) ဂျပုဆို သူကိုလည်း  ပြစ်မှုထင်ရှားသဖြင့် လူခိုးမှုပုဒ်မ- ၃၆၃ အရ ထောင်ဒဏ် ရ နှစ်၊ အဓမ္မပြုကျင့်မှုပုဒ်မ ၃၇၆ အရ ထောင်ဒဏ်အနှစ် ၂ဝ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး  ပြစ်ဒဏ်နှစ်ရပ်အား တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမိန့်ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly