ကချင်​ပြည်​နယ်​ လီဆူစစ်​​ရှောင်​စခန်​းသို့ ထောက်ပံ့ရေးပစ္စည်းများ သွားပို့ခွင့်မရခဲ့ဟုဆို

ကချင်​ပြည်​နယ်​ လီဆူစစ်​​ရှောင်​စခန်​းသို့ ထောက်ပံ့ရေးပစ္စည်းများ သွားပို့ခွင့်မရခဲ့ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၁ ။          ။ ကချင်ပြည်နယ် နယ်/ လုံ ၀န်ကြီးလက်မှတ်မပါသောကြောင့် ကချင်​ပြည်​နယ်​၊ ဆဒုံးမြို့နယ်​ခွဲရှိ လီဆူစစ်​​ရှောင်​စခန်​းသို့ ပို့ဆောင်မည့် ရိက္ခာများ ပို့ခွင့်မရရှိခဲ့ကြောင်း သွားရောက်လှူဒါန်းရာတွင်ပါ၀င်သည့် ၈၈မျိုးဆက်​(ငြိမ်​းချမ်​းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်​း) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မီးမီးကပြောသည်။

နယ်/ လုံ ၀န်ကြီးလက်မှတ်မပါဟုဆိုကာ ဝါး​ရှောင် ပူးပေါင်ဂိတ် တားဆီးခံခဲ့ရသည်ဟုဆိုသည်။

ရိက္ခာပြတ်တောက်နေသောကြောင့် နီးစပ်ရာရွာများမှ ဆန်အိတ်အချို့ကို ချေးငှားထားရသည့်  လီဆူစစ်​​ရှောင်​စခန်​းကို သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက သွားရောက်လှူဒါန်းရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

“ အဲ့ဒီ့နေရာကလည်း အမှန်တကယ်က သွားလာခွင့်မရှိတဲ့ နယ်မြေလည်းမဟုတ်သလို လက်ရှိ စစ်ပွဲဖြစ်ပွားနေတဲ့နေရာလည်း မဟုတ်ဘူးပေါ့နော်။ ပိတ်ပင်တားဆီးတဲ့နေရာလည်း မဟုတ်ဘူး။   နောက်တစ်ခုက ကျွန်မတို့နဲ့အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လီဆူးတိုင်းရင်းသားရေး ရာဝန်ကြီး လည်းပါသလို ဗမာတိုင်းရင်းသားရေးရာဝန်ကြီးလည်းပါတယ်။ ၀န်ကြီးနှစ်ယောက်ပါရဲ့သားနဲ့ ဆန်အိတ် ၁၀၀ ကို ဖြတ်သန်းခွင့်မပြုခဲ့ဘူး “ ဟု ဒေါ်မီးမီးကပြောဆိုသည်။

လူဦးရေ ၄၀၀ ခန့်နှင့် အိမ်ထောင်စုပေါင်း ရ၈ စုခန့်ရှိနေသည့် ဆဒုံးမြို့နယ်​ခွဲရှိ လီဆူစစ်​​ရှောင်​စခန်​းသည် လွန်ခဲ့သည့် တစ်လ လောက်က ရိက္ခာပြတ်သွားသောကြောင့် နီးစပ်ရာရွာများမှ ဆန်အိတ် ၂၀ ခန့်ကို ချေးငှား စားသောက်နေရသည်ဟု သိရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လီဆူးတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ပြောသည်။

အဆိုပါစစ်ရှောင်စခန်းသို့ သွားရောက် ရိက္ခာလှူဒါန်းမည်ဆိုပါက ကချင်ပြည်နယ် လုံခြုံ​ရေးနှင်​့ နယ်​စပ်​​ရေးရာဝန်​ကြီးခွင်​့ပြုချက်​ လက်​မှတ်​ပါရှိရမည်ဖြစ်ကြောင်းလည်း သူကဆက်လက်ပြောသည်။

“ မလိုလားအပ်တဲ့နေရာမှာ ဆန်ရိက္ခာတွေရောက်သွားမှာစိုးလို့ တပ်ကနေလုံခြံုရေးအရသော်လည်းကောင်း၊ ရိက္ခာတွေ ဆန်တွေ မလိုလားအပ်တဲ့အဖွဲ့အစည်းတွေမှာ စိမ့်ဝင်သွားမှာ စိုးလို့တော့ပြောပါတယ်။  ကျွန်တော်အနေနဲ့လည်း စနေ၊ တနင်္ဂနွေဖြစ်တဲ့အခါကျတော့ ရုံးလည်းပိတ်ထားတော့ စာတွေမလုပ်တော့ဘဲ အစိုးရအဖွဲ့ ၀န်ကြီးတွေပါတယ်ဆိုရင်တော့ ဒီလောက်တော့ နည်းနည်းနားလည်မှုရမှာပါဆိုပြီး “ ဟု ဦးအားတီယောဟန်ကပြောသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းများ (NGO/INGO) များမှထောက်ပံ့ပေးလေ့ရှိသော် လည်း အဆိုပါ လီဆူးစစ်ဘေးရှောင်စခန်းမှာ ထိုကဲ့သို့ လစဉ်ထောက်ပံ့ကြေးရရှိသည့် စခန်းမဟုတ်သောကြောင့် ရိက္ခာပြတ်လပ်မှုမျိုး မကြာခဏကြံု တွေ့တတ်ကြောင်း လီဆူးတိုင်းရင်းသားရေးရာဝန်ကြီးက ဆိုသည်။

ကချင်​ပြည်​နယ်​၊ ဆဒုံးမြို့နယ်​ခွဲရှိ လီဆူစစ်​​ရှောင်​စခန်​းမှပြည်သူများသည် ၂၀၁၃ ခုနှစ်လောက်ကတည်းက စစ်ဘေးရှောင်များဖြစ်နေကြပြီး ယခု ဆဒုံးမြို့နယ်​ခွဲရှိ စခန်းသည် ဒုတိယမြောက်ပြောင်းရွေ့   နေထိုင်ရသည့် စခန်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly