ရန်​ကုန်​​​​ရေကြောင်​းဘတ်​စ် ​​စက်တင်ဘာလတွင်​ ​ပြေးဆွဲနိုင်​မည်​ဟု ခန်​့မှန်​း

ရန်​ကုန်​​​​ရေကြောင်​းဘတ်​စ် ​​စက်တင်ဘာလတွင်​ ​ပြေးဆွဲနိုင်​မည်​ဟု ခန်​့မှန်​း
ဓာတ်ပုံ-သူရ

ရန်​ကုန်​၊သြဂုတ်​၂၁ ။          ။ ရန်​ကုန်​​ရေ​ကြောင်​းဘတ်​စ်​(Yangon Water Bus)ကို ​စက်တင်ဘာလတွင်​စတင်​​ပြေးဆွဲနိုင်ရန် ခန်​့မှန်​းထားပြီး သ​င်္ဘောများ​ရောက်​ရန်​ ကျန်​ရှိ​နေ​သေးကြောင်း ရန်​ကုန်​တိုင်​း​ဒေသကြီး သယ်​ယူပို့​ဆောင်​မှုကြီးကြပ်​ကွပ်​ကဲ​ရေး အာဏာပိုင်​အဖွဲ့ အတွင်​း​ရေးမှူး ​ဒေါက်​တာ​မောင်​​အောင်​က​ပြောသည်​။

"လကုန်​ဆွဲမယ်​ဆိုတာမဟုတ်​ဘူး ​သူတို့ကမှန်​းထားတာနောက်​လထဲမှာ။ ဒါ​ပေမယ့်​အတိအကျ​ပြောလိုက်​ရင်​ ​ဟိုဟာဖြစ်​မှာ(လွဲမှာ)စိုးလို့ ပြောရခက်​တယ်​ဗျ"ဟု ​ ဒေါက်​တာ​မောင်​​အောင်​က​ပြောပြသည်​။

​ရေ​​ကြောင်​းဘတ်​စ်​​ပြေးဆွဲရန်​ သ​င်္ဘောတချို့​ရောက်​ရှိ​နေပြီဖြစ်​​သော်​လည်း ကျန်​ရှိ​နေသည်​့သ​င်္ဘောများလည်​းရှိ​နေသည်​ဟု ​ဒေါက်​တာ​မောင်​​အောင်​က​ပြောသည်​။

​ရေ​ကြောင်​းဘတ်​စ်​​ပြေးဆွဲရာတွင်​ သြစ​တေးလျနို်င်​ငံထုတ်​သ​င်္ဘောများ၊ ထိုင်​းနိုင်​ငံထုတ်​သ​င်္ဘောများနှင်​့ မြန်​မာနိုင်​ငံထုတ်​သ​င်္ဘောများပါဝင်​မည်​ဖြစ်​ပြီး လူဦး​ရေ(၅၀)ဆံ့၊ (၁၀၀)ဆံ့နှင်​့ အများဆုံး(၂၀၀)ဆံ့သ​င်္ဘောများပါဝင်​မည်​ဖြစ်​သည်​။

ပြည်​တွင်​းမှသ​င်္ဘော(၇)စီး၊ ပြည်​ပမှသ​င်္ဘော(၆)စီး စုစု​ပေါင်​း(၁၃)စီး၊အရန်​သ​င်္ဘော(၃)စီးဖြင်​့ ​ပြေးဆွဲရန်​ စီစဉ်​ထား​ကြောင်​း ​ရေ​ကြောင်​းဘတ်​စ်​တာဝန်​ယူလုပ်​ကိုင်​​နေသည်​့ တင်​့တင်​့မြန်​မာကုမ္ပဏီဥက္ကဌက ဇူလိုင်​(၁၄)ရက်​​နေ့က ​ဖြေကြားခဲ့သည်​။

​ရန်​ကုန်​​ရေ​ကြောင်​းဘတ်​စ်​ စတင်​​ပြေးဆွဲမည်​ဆိုပါက လှိုင်​သာယာ၊ အင်​းစိန်​မှ၊ ဗိုလ်​တစ​်​​ထောင်​ဆိပ်​ကမ်​းသို့ ​ပြေးဆွဲ​ပေးသွားမည်​ဖြစ်​ပြီး ပုံမှန်​ယာဉ်​စီးခ(၃၀၀)ကျပ်​၊ ခရီးစဉ်​အစဆုံး(၅၀၀)ကျပ်​ကျသင်​့မည်​ဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly