ကြက်ဟင်းခါးစိုက်ပျိုးခြင်း ( အပိုင်း - ၁)

21 August 2017
ကြက်ဟင်းခါးစိုက်ပျိုးခြင်း ( အပိုင်း - ၁)

ကြက်ဟင်းခါးပင်ရဲ့ မူရင်းဒေသကတော့ အာရှတိုက်နဲ့ အာဖရိကတိုက်ပဲ ဖြစ်ပါတယ်။ ကြက်ဟင်းခါးပင်ကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပေမယ့် မြေသြဇာကောင်းမွန်ရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ ရေကို ကြိုက်နှစ်သက်ပေမယ့် ရေဝပ်တာကိုတော ့မနှစ်သက်ပါဘူး။

ကြက်ဟင်းခါးပင်စိုက်မယ်ဆိုရင်တော့ မြေ ၁ ဧကကို နွားချေး ရ စီး၊ ၈ စီးခန့်ချပြီးတော့ ထယ်တစ်စက် ထိုးပေးရမှာပါ။ ပြီးရင်တော့ အမိုနီယမ် ဆာလဖိတ် ပေါင် ၁၀၀ ဒါမှမဟုတ် ပေါင် ၁၅၀ ချပြီးတော့ ထွန် ၈ စက် မွှေပေးရမှာပါ။ စိုက်တန်းတစ်တန်းနဲ့ တစ်တန်းကိုတော့ ၃ ပေဒါမှမဟုတ် ၅ ပေခန့် ခွာထားပေးရမှာ ဖြစ်ပြီးတော့ တစ်ပင်နဲ့ တစ်ပင်ကိုတော့ တစ်ပေဒါမှမဟုတ် ၂ ပေခန့် ခွာပြီးတော့ စိုက်ပျိုးရမှာပါ။ အပင်ငယ်စဉ်ကပင် ပေါင်းလိုက်ခြင်း၊ မြေကြပ်နေမယ်ဆိုရင်တော့ မြေဆွပေးခြင်းတို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အပင် ၃ ပေ ၄ ပေခန့် ရှည်လာရင်တော့   ခေါင်ညွန့်တွေကို   နှိမ်ပေးရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးပြီး ၂ လခန့် အကြာမှာတော့ အသီးများကိုစတင်ခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျား။

စိုက်ပျိုးပျော်ရွှင်သိစေချင် အစီအစဉ်ကနေ ကြိုဆိုပါတယ် ခင်ဗျာ။ ကျွန်တော်တို့ အဖွဲ့သားတွေ ရောက်ရှိနေတဲ့ နေရာလေးကတော့ ပုသိမ်မြို့နယ်ကိုးဆူစံပြကျေးရွာမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော် ရောက်နေတာကတော့ ကြက်ဟင်းခါးသီးလို့ ခေါ်တဲ့ ဂျင်ခါးသီးခင်းထဲကိုရောက်နေတာပဲ ဖြစ်ပါတယ်။ အဲ့တော့ ဒီအပင် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ဒီမှာရှိနေတဲ့   တောင်သူဦးကြီးတွေနဲ့ တွေ့ဆုံပြီးတော့ မေးမြန်းတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly