လာလီဂါတွင် အနီကတ်အပြခံရဆုံး ကစားသမားဖြစ်လာသည့် ရီးယဲလ်နောက်ခံလူ ရာမို့စ်

လာလီဂါတွင် အနီကတ်အပြခံရဆုံး ကစားသမားဖြစ်လာသည့် ရီးယဲလ်နောက်ခံလူ ရာမို့စ်

သြဂုတ် ၂၁၊ စပိန် ။            ။ ဒီပို့တီဗိုအသင်းကို ရီးယဲလ်အသင်းက ၀-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်သည် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် လာလီဂါသမိုင်းတွင် အနီကတ်အပြသအခံရဆုံး ကစားသမားစာရင်း ၀င်သွားခဲ့သည်။

ထို့ပွဲစဉ်တွင် ရာမို့စ်သည် ၅၃ မိနစ်၌ ဒီပို့နောက်ခံလူ ဖေဘီယန်ဆက်ဟာ၏ မျက်နှာကို လက်ဖြင့် တွန်းခဲ့သောကြောင့် ပထမအဝါကတ်ပြသခံခဲ့ရပြီး ပွဲချိန်မိနစ် ၉၀ တွင် ခေါင်းခုန်တိုက်ရာ၌ ဒီပို့ကစားသမားဘက်ကာလီကို ထိခိုက်စေခဲ့သောကြောင့် ဒုတိယအဝါကတ်ပြသခံခဲ့ရခြင်း ဖြစ်သည်။

ယခုပွဲတွင် ပြသခံရသော အနီကတ်သည် ရာမို့စ်အတွက် လာလီဂါတွင် ၁၈ ကြိမ်မြောက်ပြသခံရသည့် အနီကတ်ဖြစ်သည်။ ထို့ကြောင့် ရာမို့စ်သည် ဘာစီလိုနာနှင့်ဆီဗီလာနောက်ခံကစားသမားဟောင်း အယ်လ်ဖာရို၊ ဇာရာဂိုဇာကစားသမား အဂူရာဒိုတို့နှင့်အတူ လာလီဂါ၏ အနီကတ်အပြသအခံရဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို လေးစားသော်လည်း ဥရောပမှ ဒိုင်လူကြီးများမှာ စပိန်က ဒိုင်လူကြီးများထက် ပိုပြီး နားလည် ခွင့်လွှတ်ပေးကြောင်း ရာမို့စ်က ဆိုသည်။

“ဒီအနီကတ်အတွက် ကျွန်တော်သဘောမတူပါဘူး။ ဒါပေမဲ့ ဒိုင်လူကြီးရဲ့ အမြင်ကိုတော့ လေးစားပါတယ်။ တစ်ခါတစ်ရံမှာ ဒိုင်လူကြီးတွေဟာ အင်္ဂလန်က ပြိုင်ပွဲတွေကိုကြည့်သင့်ပြီး လွတ်လွတ်လပ်လပ်ကစားခွင့် ပိုပေးသင့်ပါတယ်။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံကို ကျွန်တော်သဘောကျပါတယ်။ ဥရောပက ဒိုင်တွေက ပိုပြီး စာနာ နားလည်မှု ရှိပါတယ်” ဟု ရာမို့စ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း fourfourtwo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly