ဆိုင်ခန်းသဘောတူညီချက် တရားဝင် စာချုပ်ချုပ်ဆိုပေးရေး အလုံစျေးသူစျေးသားများ ဆန္ဒထုတ်ဖော်

ဆိုင်ခန်းသဘောတူညီချက် တရားဝင် စာချုပ်ချုပ်ဆိုပေးရေး အလုံစျေးသူစျေးသားများ ဆန္ဒထုတ်ဖော်

ရန်ကုန် သြဂုတ်၂၁ ။           ။ အလုံမြို့နယ်၊ အလုံစျေးအဆင့်မြှင့်တင် တည်ဆောက်ရာတွင် မူလဆိုင်ခန်း၊ မူလ အကျယ်အဝန်းရရှိရေး သဘောတူညီ ချက်များကို တရားဝင် စာချုပ်ချုပ်ဆိုပေး ရေးအတွက် အလုံစျေးသူစျေးသားများက ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ သြဂုတ်လ ၂၁ ရက်က ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

အလုံစျေး အဆင့်မြင့်တည်ဆောက်ရာတွင် ဆိုင်ခန်းများအားလုံးကို မြေညီထပ်တွင် ချထားပေးရန် စျေးသူစျေးသား များ၏ တောင်းဆိုချက်များကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးက  သဘောတူခဲ့သော်လည်း တရားဝင် စာချုပ် ချုပ်ဆိုပေးခြင်းမရှိဟု အလုံစျေး မှ  ကိုမိုးသဲက ပြောသည်။

" ကော်မတီဝင်တွေက မူလနေရာ၊ မူလဆိုင်ခန်းအတိုင်း ပြန်ရ ရှိမယ်ဆိုရင် သဘောတူစာချုပ် ချုပ်ပါဆိုတော့ မြို့တော်ဝန်ကလည်း စာချုပ် ချုပ်မပေးဘူး။ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကလည်း စာချုပ် ချုပ်မပေးဘူး။ နှုတ်ကတိနဲ့ပဲ ပြောသွားတယ်။ ကျွန်တော် တို့က အကြိမ်ကြိမ် အလိမ်ခံရတဲ့အတွက် ကြောင့် ယုံကြည်မှုမရှိဘဲ လမ်းပေါ် တက်ခဲ့ ရခြင်းဖြစ်တယ်" ဟု ကိုမိုးသဲက ပြောသည်။

တရားဝင်စာချုပ် ချုပ်ဆိုပေးလျှင် စျေးသူ စျေးသားများအနေနှင့် လမ်းပေါ်ထွက် လာစရာမရှိဟု အလုံစျေးမှ စျေးသည် ကိုမျိုးမင်းဦးက ပြောသည်။

"ကျွန်တော်တို့ကို စာချုပ်စာတမ်းအပြည့် အစုံနဲ့ တရားဝင် လာပြီးတော့ ရှင်းပြမယ် ဆိုရင် ကျွန်တော်တိို့ စျေးသူစျေးသား တွေက ကိုယ့်စျေးပဲ ကိုယ်ရောင်းတော့ မှာပေါ့။ ဒီလိုမျိုးဆန္ဒ ထုတ်ဖော်မှုတွေ မလုပ်တော့ဘူးပေါ့။ ကျွန်တော်တို့ တရားဝင်ပိုင်ဆိုင်တဲ့ ၂၁၆ ခန်းလုံး မင်းတို့ ဒီနေရာ ဒီနေရာ နေရာ အလိုက် ၂၁၆ ခန်းလုံး ကိုယ့်ရဲ့မူလ အကျယ်အဝန်းနဲ့ မူလဆိုင်ခန်းအတိုင်း ပြန်ရမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ကိုယ့်စျေး ပဲကိုယ် ရောင်းဖို့ပဲ ရှိတော့တယ်" ဟု ကိုမျိုးမင်းဦးက ပြောသည်။

ဆိုင်​ခန်​း​နေရာများကို ​စျေးသူ​စျေးသားများ​တောင်​းဆိုသည်​့အတိုင်​း ပြန်​လည်​​နေရာရရှိ​စေရန်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ မြို့​တော်​ဝန်​နှင်​့ စည်​ပင်​သာယာ​ရေး​ကော်​မတီတို့ သြဂုတ်​(၁၉)ရက်​​နေ့၌ ညှိနိူင်​း​ဆွေး​နွေးခဲ့ကြသည်​။

၎င်း​နောက်​ ဆိုင်​ခန်​း(၂၁၆)ခန်​းကို ​စျေးသူ​စျေးသားများ​တောင်​းဆိုသည်​့အတိုင်​းမြေညီထပ်​တွင်​ ​နေရာချထား​ပေးရန်​ သ​ဘောတူညီခဲ့ကြပြီး ​ဆောက်​လုပ်​သည်​့ပုံစံပါ ​ပြောင်​းလဲ​ပေးခဲ့သည်​။သို့သော်စာချုပ်မချုပ်ပေးသည့်အတွက် ယနေ့တွင်ဆန္ဒထုပ်ဖေါ်ခဲ့ကြခြင်းဖြစ်သည်။

 အလုံမြို့နယ်​မဲဆန္ဒနယ်​အမှတ်​(၁) တိုင်​း​ဒေသကြီးလွှတ်​​တော်ကိုယ်​စားလှယ်​ ဒေါ်ယဉ်ယဉ်မြင့်ကမူ အလုံ​စျေးသူ​စျေးသား​တောင်​းဆိုသကဲ့သို့  ​ဆောက်​လုပ်​စ​စျေးများအတွက် စာချုပ်​ချုပ်​ဆိုခြင်းမျိုး အစဉ်အလာမရှိခဲ့ဖူး​ကြောင်း၊ ဆန္ဒပြသည်​မှာ ၄င်းတို့၏သ​ဘောထားဖြစ်​သည်​့အတွက်​ မပိတ်​ပင်​လို​ကြောင်​း ၊သို့​သော်​အဆင်​​ပြေပြီးသားကိစ္စရပ်​အား ပြန်​လည်​ဆန္ဒပြသည်​ကို  နားမလည်​နိုင်​​ကြောင်​း ပြောသည်။

မူလပုံစံတွင်​ အသား၊ငါး ကုန်​စိမ်​းဆိုင်​များကို ​မြေညီထပ်​၊ ကုန်​​ခြောက်​ဆိုင်​များကိုပထမထပ်​ စသည်​ဖြင်​့ စီစဉ်​ထားခဲ့ ပြီး ကားပါကင်​ပါရှိခဲ့သည်။ ​ယခုလက်​ရှိပုံစံတွင်​ ဆိုင်​ခန်​း(၂၁၆)ခန်​းအား ​မြေညီထပ်​၌ထားရှိနိုင်​ရန်​ ကားပါကင်​အား ပြန်​ဖြုတ်​ခဲ့သည်​။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သြဂုတ်လ ၁၁ ရက်နေ့ကလည်း အလုံစျေးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly