အန္တရာယ်​ရှိအ​ဆောက်​အဦး သီရီမင်္ဂလာ​စျေးဟောင်းကိစ္စ လွှတ်​​တော်​တွင်​ ယနေ့ဆုံးဖြတ်​​မည်

အန္တရာယ်​ရှိအ​ဆောက်​အဦး သီရီမင်္ဂလာ​စျေးဟောင်းကိစ္စ လွှတ်​​တော်​တွင်​ ယနေ့ဆုံးဖြတ်​​မည်

ရန်​ကုန်​၊သြဂုတ်​၂၁ ။            ။ အန္တရာယ်​ရှိအ​ဆောက်​အဦးအဖြစ်​ သတ်​မှတ်​ခံထားရသည်​့ သီရီမင်္ဂလာ​စျေး​ဟောင်​းအား မည်ကဲ့သို့ ဆက်​လက်​​ဆောင်​ရွက်​မည်​့ ကိစ္စနှင်​့ ပတ်​သတ်​၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်​​တော်​တွင်​ ယ​နေ့သြဂုတ်(၂၁)ရက်​၌ ​ဆွေး​နွေးဆုံးဖြတ်​သွားမည်​ဖြစ်​​ကြောင်​း ကြည်​့မြင်​တိုင်​မြို့နယ်​ မဲဆန္ဒနယ်​အမှတ်​(၂)လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးခင်​ဝင်​းက ​ပြောသည်​။

"လွှတ်​​တော်​ဥက္ကဌကြီးနဲ့​တွေ့ပြီး​တော့ လွှတ်​​တော်​ဥက္ကဌကြီး စီစဉ်​တဲ့ဟာကို အခုသွားမှသိရမယ်​"ဟု  ​ ဦးခင်​ဝင်​းက​ဆိုသည်​။

အဆိုပါ သီရီမင်္ဂလာ​စျေး​ဟောင်​းကို မည်​သို့ဆက်​လက်​လုပ်​​ဆောင်​မည်​ဖြစ်​​ကြောင်​း သက်​ဆိုင်​ရာဌာနများကို ​ခေါ်ယူ​ကာဖြေရှင်​း​ပေးရန်​ လွှတ်​​တော်​တွင်​ ​ဦးခင်​ဝင်​းက တင်​သွင်​းခဲ့သည်​။

ထို့​ကြောင်​့ အဆိုပါ ရလာဒ်​ကို ယ​နေ့သြဂုတ်​(၂၁)ရက်​ ည​နေပိုင်​းတွင်​ သိရှိနိုင်​မည်​ဖြစ်​​ကြောင်​း သိရသည်။ သီရီမင်္ဂလာ​စျေး​ဟောင်​းရှိ ယာဉ်​​ရောင်​းဝယ်​​ရေးစခန်​းမှ လူများကို ကိုယ်​့အစီစဉ်​ဖြင်​့ကိုယ် ​ ​ပြောင်​း​ရွေ့ကြရန်​ ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ​ရေး အခွန်​ဌာနက သြဂုတ်​(၁၆)ရက်​​နေ့တွင်​ ​ကြေငြာထားသည်​။

လက်ရှိအချိန်တွင်သီရီမင်္ဂလာ​စျေး​ဟောင်​းရှိ ကားပွဲစားတန်​းတွင်​ ကားအစီး​ရေ(၆၀၀)ခန်​့ရှိ​နေသည်​။

၁၉၉၆ခုနှစ်​တွင်​တည်​​ဆောက်​ခဲ့​သော သီရီမင်္ဂလာ​စျေး​ဟောင်​းသည် ယခုနှစ်​တွင်​(၂၁)နှစ်​ရှိခဲ့ပြီဖြစ်​ပြီး ယခင်​က ကုန်​စိမ်​း၊ ကုန်​​ခြောက်​၊ အထည်​ဆိုင်​၊ စား​သောက်​ဆိုင်​၊ ကုမ္ပဏီရုံးခန်​း စသည်ဖြင်​့ အသုံးပြုခဲ့သည်​။ လက်ရှိသီရီမင်္ဂလာ​စျေး​သစ်သည် လှိုင်မြို့နယ်တွင်တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly