မန္တလေးတိုင်းလွှတ်တော်၏ ရုံးဝန်​ထမ်​း​ခေါ်ယူချက်​အား မသန်​စွမ်​းအဖွဲ့ချုပ်​ ရှုံ့ချ

မန္တလေးတိုင်းလွှတ်တော်၏ ရုံးဝန်​ထမ်​း​ခေါ်ယူချက်​အား မသန်​စွမ်​းအဖွဲ့ချုပ်​ ရှုံ့ချ

ရန်​ကုန်​၊ သြဂုတ်​၂၁ ။          ။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်​ထမ်​း​ခေါ်ချက်​တွင်​ ကိုယ်လက်အင်္ဂါသန်စွမ်းသူ ဖြစ်ရမည် ဆိုသော အချက်ပါ၀င်နေသည့်အပေါ် မသန်​စွမ်​းသူများအဖွဲ့ချုပ်​က ကန်​့ကွက်​ရှုံ့ချကြောင်​း ယနေ့ ထုတ်​ပြန်​ခဲ့သည်​။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ရုံး၏ အလုပ်ခေါ်စာတွင် အရည်အချင်းသတ်မှတ်ချက် အမှတ်စဉ်(၂) (ဃ)တွင်​ "ကျန်​းမာ​ရေး​ကောင်​းမွန်​ပြီး ကိုယ်​လက်​အင်္ဂါ ပြည်​့စုံသန်​စွမ်​းသူဖြစ်​ရမည်​"ဟူ​သောအချက်​  ပါဝင်​​နေခြင်​းဖြစ်​သည်​။

မသန်​စွမ်​းသူများအဖွဲ့ချုပ်​ ဥက္ကဋ္ဌ ဦး​အောင်​ကိုမြင်​့က ​"အခု​ လော​လောဆယ်​မှာ ပထမအဆင်​့အ​နေနဲ့က​တော့ အသိပညာ​ပေးတဲ့လုပ်​ငန်​း​တွေကို လုပ်​​နေတာ ဒီလိုမလုပ်​သင်​့ဘူး။ ဘာ​ကြောင်​့လဲဆို​တော့ ဒီဥပ​ဒေအရ ဒီလိုမလုပ်​သင်​့ဘူး​ပြောတာ ။ အသိပညာ​ပေးတဲ့ကာလ​တွေ​ ကျော်​လာပြီ ။ ခဏခဏဖြစ်​​နေတယ်​ဆိုရင်​​တော့ ကျွန်​​တော်​တို့အ​ရေးယူမှု​တွေလုပ်​မယ်​"ဟု ပြောသည်​။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၏ အရည်​အချင်းသတ်မှတ်ချက်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေတို့ကို ချိုးဖောက်ရာကျရောက်​နေသည်​ ဟု ထုတ်​ပြန်​ချက်တွင် ဖော်ပြထားသည်​။

ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၏ အရည်​အချင်းသတ်မှတ်ချက်အမှတ်​စဉ်​ (၂)ဃကို ပြန်​လည်​ပြင်​ဆင်​​ပေးရန်​ ​တောင်​းဆိုထားပြီး ပြင်​​ဆင်​မ​ပေးပါက သွား​ရောက်​ညှိနှိုင်​းသွားမည်​ဟု ဦး​အောင်​ကိုမြင့်က ဆိုသည်​။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်​ “လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ် လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂများအထိ ဝင်ရောက်ခွင့်ရှိသည် ” ဟု ဖော်ပြထားသည်​။

၂၀၀၈ ခုနှစ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ နိုင်ငံသားများသည် ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊ အလုပ်လုပ်ကိုင်မှုတွင်​ တူညီသောအခွင့်အလမ်းရရှိစေရမည်” ဟု ဖော်ပြထားသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် မသန်စွမ်းသူများကို ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချမှု မရှိစေရ၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး မသန်စွမ်းသူများအတွက် အခြားသူများ နည်းတူ တန်းတူညီမျှအလုပ်လုပ်ကိုင်ခွင့်ရရှိရေး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး၊ အလုပ်ခန့်ထားရာတွင် ခွဲခြားမှုမရှိရေး"ဟု ဖော်ပြထားသည်​။

မြန်မာနိုင်ငံတွင်၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုအရ နိုင်ငံ့လူဦးရေ၏ ၄.၆%၊ (၂.၃)သန်းခန့်မှာ မသန်​စွမ်​းသူများ ဖြစ်​ကြသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly