မန်စီးတီးကွင်းလယ်လူနာဆရီ အန်တယ်ယာစပေါအသင်းနှင့်ဆွေးနွေးနေ

မန်စီးတီးကွင်းလယ်လူနာဆရီ အန်တယ်ယာစပေါအသင်းနှင့်ဆွေးနွေးနေ

သြဂုတ် ၂၁၊ မန်ချက်စတာ။              ။ မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမားနာဆရီသည် တူရကီကလပ်အန်တယ်ယာစပေါအသင်းနှင့် နှစ်နှစ်စာချုပ်ရန် ဆွေးနွေး နေသည်။

အသက် ၃၀ အရွယ် နာဆရီကို တနင်္ဂနွေနေ့က လေယာဉ်ဖြင့် တူရကီသို့ခရီးသွားနေသည့်ပုံတွေ့မြင်ခဲ့ရပြီး ဆေးစစ်မှုခံယူမည်ဟု ယူဆရသည်။

ပြင်သစ်ကစားသမားသည် ၂၀၁၁ တွင် အာဆင်နယ်မှပေါင် ၂၅ သန်းဖြင့်ပြောင်းလာခဲ့ပြီး စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၁၂၉ ပွဲကစားထားသည်။

အီတီဟတ်တွင်ရှိနေစဉ်အတွင်း ပရီးမီးယားလိဂ်ဖလားနှစ်လုံး၊ အက်ဖ်အေဖလားတစ်လုံးနှင့် လိဂ်ဖလားနှစ်လုံးရထားပြီး ယမန်နှစ်က စပိန်ကလပ်ဆီဗီလာသို့ အငှားသွားကစားခဲ့ရသည်။

နာဆရီသည် စီးတီးအသင်း၏ အမေရိကန်ရာသီကြိုခြေစမ်းခရီးစဉ်အတွင်း ခြေစွမ်းပြနိုင်ခဲ့သော်လည်း နည်းပြဂွာဒီယိုလာ၏ အနာဂါတ်အစီအစဉ်များထဲ မပါဝင်တော့သူဖြစ်သည်။

တူရကီကလပ် အန်တယ်ယာစပေါအသင်းကို ဘာစီလိုတိုက်စစ်မှူးဟောင်း အီတူးက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင် ကစားနေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly