ဒူးဒဏ်ရာသက်သာနေပြီဖြစ်ကြောင်း သက်သေပြခဲ့တဲ့ အီဗရာဟီမိုဗစ်

ဒူးဒဏ်ရာသက်သာနေပြီဖြစ်ကြောင်း သက်သေပြခဲ့တဲ့ အီဗရာဟီမိုဗစ်

သြဂုတ် ၂၁၊ အင်္ဂလန် ။           ။ မန်ယူတိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ဟာ သူ့ရဲ့ဒူးဒဏ်ရာ သက်သာနေပြီ ဖြစ်ကြောင်းကို သက်သေပြတဲ့အနေနဲ့ လက်ဝှေ့အိတ်ကို ကန်နေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ကွမ်ဒိုခါးပတ်အနက်အဆင့်ရှိတဲ့ အီဗရာဟီမိုဗစ်ဟာ လက်ဝှေ့အိတ်ကို သူ့ရဲ့ညာခြေနဲ့ အမြင့်ကန်ချက်တွေ၊ လှည့်ကန်ချက်တွေ ကန်ပြခဲ့ပါတယ်။

မိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆယ်လ်တာဗီဂိုအသင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှ ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းထားပေမယ့် လက်ရှိမှာ မိုဗစ်ရဲ့ ဒဏ်ရာအခြေအနေက တော်တော်ကို ကောင်းမွန်နေပြီ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာမှာ အဲ့ဒီဗီဒီယိုဖိုင်ကို တင်ပြီး Which Knee? လို့စာရေးသားခဲ့ပါတယ်။ အဖြေကတော့ ညာဖက်ဒူးဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူအသင်းကလည်း မိုဗစ်ကို စာချုပ်ပြန်လည်ချုပ်ဆိုဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်တွေအတွက် ရည်ရွယ်ပြီး မိုဗစ်ကို စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ လာမယ့်လအတွင်းမှာ စာချုပ် ချုပ်ဆိုနိုင်ဖို့ မန်ယူက ကြိုးပမ်းနေပါတယ်။

မိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲပေါင်းစုံမှာ ၂၈ ဂိုးသွင်းယူပြီး ခြေစွမ်းပြသခဲ့သူ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly