နှစ်တစ်ရာအတွင်း ပထမဆုံး နေအပြည့်ကြတ်မှုကို ကြည့်ရန် အမေရိကန် ပြည်သူသန်းပေါင်းများစွာ ပြင်ဆင်

နှစ်တစ်ရာအတွင်း ပထမဆုံး နေအပြည့်ကြတ်မှုကို ကြည့်ရန် အမေရိကန် ပြည်သူသန်းပေါင်းများစွာ ပြင်ဆင်

ချာလီစတန်၊ သြဂုတ် ၂၁ ။                   ။ အမေရိကားတိုက်တွင် နှစ်ပေါင်း ၉၉ နှစ်အတွင်း ပထမဆုံးဖြစ်ပေါ်မည့် သြဂုတ် ၂၁ ရက် နေအပြည့်ကြတ်မှုကို ကြည့်ရှုရန် တောင်ကယ်ရိုလိုင်းနားပြည်နယ် ချားလီစတန်သို့ လူများတစ်ဖွဲဖွဲ ရောက်ရှိသည်။

မဟာအမေရိကန်နေကြတ်မှုကြီးဟု တင်စားခေါ်နေသည့် ယခုနေအပြည့်ကြတ်မှုသည် နိုင်ငံ၏ အနောက်မြောက်မှ အရှေ့တောင်သို့ ဓားလွယ်ခုတ် ဖြစ်ပေါ်မည်ဖြစ်သည်။

နေကြတ်မှုကို ကြည့်ရန်အတွက် လူများ အများအပြား ရောက်ရှိလာကြခြင်းကြောင့် ပြည်နယ်တွင်းက စားသောက်ဆိုင်များ ရောင်းကောင်းနေကာ မြို့တွင်း ကားပါကင်ခများလည်း စျေးကြီးမြင့်တက်သည်။
 
ကမ္ဘာ့နှင့် နေကြား လရောက်ရှိရာမှ ဖြစ်ပေါ်သော နေကြတ်မှုဖြစ်ချိန်တွင် တိမ်ထူခြင်း၊ မိုးသက်မုန်တိုင်း ဖြစ်ပေါ်ခြင်းများ ဖြစ်နိုင်သည်ဟု မိုးလေဝသခန့်မှန်းသူများက ပြောသည်။

“ကျွန်မတို့ တော်တော်လေး စိတ်လှုပ်ရှားနေတယ်။”ဟု ချာလီစတန်သို့ လွန်ခဲ့သော ခြောက်ပတ်ခန့်က မိသားစုနှင့်အတူ ပြောင်းရွှေ့လာသူ အသက် ၃၈ နှစ်ရှိ အိမ်ထောင်သည်မိခင်တစ်ဦးဖြစ်သူ ဘရန်ဒီမူလင်းက ပြောသည်။

နေအပြည့်ကြတ်မှု ဖြစ်ပေါ် မြင်တွေ့ရနိုင်သော အမေရိကန် မြို့များသို့ လူများ တစ်ဖွဲဖွဲ လာရောက်ကြသည်မှာ သန်းပေါင်းများစွာ ရှိနေသည်။

အင်္ဂလန်နိုင်ငံ နော့တင်ဟမ်အရပ်မှ နစ်ဝယ်ဒါးတို့ ဇနီးမောင်နှံကလည်း ၄င်းတို့၏ နှစ်ပတ်သာ အပန်းဖြေခရီးကို အမေရိကန်တောင်ပိုင်းအနှံ့သွားပြီး နေအပြည့်ကြတ်ချိန်တွင် ချာလီစတန်တွင် ခရီးစဉ် အဆုံးသတ် သွားရောက်ရန် စီစဉ်ထားသူများဖြစ်သည်။

၄င်းတို့အတွက် နေအပြည့်ကြတ်ခြင်းကို ကြည့်ရှုနိုင်ရေး သုံးကြိမ်မြောက် ကြိုးစားမှုလည်းဖြစ်သည်။ အင်္ဂလန်နှင့် တရုတ်တို့တွင် ဖြစ်ပေါ်ခဲ့ဖူးသည့် နေအပြည့်ကြတ်မှု မြင်တွေ့နိုင်ရေး ၄င်းတို့ လင်မယား၏ ကြိုးစားမှုက မအောင်မြင်ဖြစ်ခဲ့ဖူးသည်။

ယခု အမေရိကန် နေအပြည့်ကြတ်မှုသည် သြဂုတ် ၂၁ ရက် ဒေသစံတော်ချိန် ၉ နာရီ ငါးမိနစ်တွင် အိုရီဂွန်ပြည်နယ်တွင် စတင်ဖြစ်ပေါ်ပြီး ရ၅ မိနစ် ကြာမြင့်မည်ဖြစ်သည်။ ပြည်နယ်သို့ လူတစ်သန်းအထိ ရောက်ရှိမည်ဖြစ်ကြောင်း၊ လမ်းများ ပိတ်ဆို့ခြင်း၊ ကွင်းပြင်ကွက်လပ်များတွင် လူများ ပြည့်ကြပ်ခြင်းများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ပြည်နယ်အာဏာပိုင်များက ပြောသည်။  

ပြည်နယ် ၁၄ ပြည်နယ်မှ ပြည်သူ ၁၂ သန်း နေအပြည့်ကြတ်မှုကို မြင်ရနိုင်ပြီး ကျန်သော သန်းပေါင်းများစွာသော ပြည်သူများမှာ အစိတ်တစ်ပိုင်း လကြတ်မှုကို မြင်တွေ့ရနိုင်ကြောင်း အမေရိကန် နက္ခတ္တဗေဒအဖွဲ့ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly