ဂန္တဝင်သရုပ်ဆောင်မင်းသားနှင့် လူရွှင်တော် ဂျယ်ရီလူးဝစ် အသက် (၉၁)နှစ်မှာ ကွယ်လွန်

ဂန္တဝင်သရုပ်ဆောင်မင်းသားနှင့် လူရွှင်တော် ဂျယ်ရီလူးဝစ် အသက် (၉၁)နှစ်မှာ ကွယ်လွန်
(ဓာတ်ပုံ - အီးပီအေ)

"The Bellboy" (၁၉၆၀) နှင့် "The Nutty Professor" (၁၉၆၃) ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဂန္တဝင်သရုပ်ဆောင်မင်းသားနှင့် လူရွှင်တော် ဂျယ်ရီလူးဝစ်ဟာ လတ်စ်ဗေးဂစ်မှာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ကြောင်း ၎င်းရဲ့ အေးဂျင့် ကန်ဒီကာဇူက ပြောပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ ၉၁ နှစ်ရှိပြီဖြစ်ပါတယ်။

ဂျယ်ရီလူးဝစ်ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် သူဟာ ဇွန်လမှာ လတ်စ်ဗေးဂစ်မှာ ဆေးရုံတက်ခဲ့ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ် နှလုံးရောဂါ heart attack ဖြစ်ခဲ့တာအပါအဝင် နှစ်နဲ့ချီတဲ့ ကျန်းမာရေးပြဿနာ ရှိတယ်လို့ ဆိုပါတယ်။

ဂျယ်ရီလူးဝစ်ဟာ "My Friend Irma" (1949), "The Stooge" (1952), "The Caddy" (1953), "Artists and Models" (1955) and "Pardners" (1956) စတဲ့ ဟာသရုပ်ရှင်ကားအများအပြားမှာ Dean Martin နှင့် ပူးတွဲံ သရုပ်ဆောင်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ နောက်ဆုံးရိုက်ကူးတဲ့ ရုပ်ရှင် "Hollywood or Bust" (၁၉၅၆) ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်အတွင်း သရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်ခဲ့တဲ့ လူးဝစ်ဟာ ကမ္ဘာ့ရုပ်ရှင်လောကမှာ သြဇာကြိးသူတစ်ဦးဖြစ်ပါတယ်။

ဂျယ်ရီလူးဝစ်ဟာ ၁၉၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ နယူးဂျာစီပြည်နယ် Newark မှာ မွေးဖွားခဲ့ပြီး ၁၉၈၂ ခုနှစ်မှာ ကိုယ်ရေးအတ္ထုပ္ပတ္တိ "Jerry Lewis: In Person" စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly