ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများ သြဂုတ် ၁၈ ရက်တွင် ပြန်လည် ကျင်းပမည်

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများ သြဂုတ် ၁၈ ရက်တွင် ပြန်လည် ကျင်းပမည်

နိုင်ငံတစ်ဝှမ်း သဘာဝဘေးအန္တရာယ်ကျရောက်မှု အခြေအနေများကြောင့် ရွှေ့ဆိုင်းထားသည့် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကိုလာမည့် သြဂုတ် ၁၈ ရက်တွင်ပြန်လည် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သြဂုတ် ၁၁ ရက်တွင် ကြေညာလိုက်သည်။

သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း အဆိုပါ ကြေညာချက်ကို ဖော်ပြထားပြီး  လွှတ်တော် အနေဖြင့်  ဥပဒေကြမ်းများ အပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင် ရွက်ရန်လိုအပ်လျှက်ရှိသောကြောင့် အစည်းအဝေးများ ပြန်လည် စတင်မည်ဟုလည်း ကြေညာချက်တွင် ပါဝင်သည် လွှတ်တော် ပုံမှန် အစည်းအဝေးများကို သြဂုတ် ၁၀ ရက်တွင် စတင်မည်ဟု ယခင်ကြေညာ ထားခြင်းဖြစ်ပြီး သဘာ၀ ဘေးအန္တရာယ် ကျရောက်မှု အခြေအနေများကြောင့် လွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းထားသည်ဟု သြဂုတ် ၃ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly