ဓာတ်ပုံပညာရှင်များ၏ ပညာရပ်ပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ဖလှယ်နိုင်ရန် Photo Camp Mandalay 2017 ကျင်းပ

ဓာတ်ပုံပညာရှင်များ၏ ပညာရပ်ပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ဖလှယ်နိုင်ရန် Photo Camp Mandalay 2017 ကျင်းပ

မန္တလေး။                 ။ ဓာတ်ပုံပညာရှင်များ၏ ပညာရပ်ပိုင်း နှင့် နည်းပညာပိုင်းဆိုင်ရာ ဖလှယ်ဆွေးနွေးပွဲ Photo Camp Mandalay 2017 ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၂)လမ်း နှင့် (၃၃)လမ်း၊ (၆၈)လမ်း နှင့် (၆၉)လမ်းကြားရှိ Mandalay Community Centre တွင် သြဂုတ်လ ၁၉ ရက် ၊ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

'' Photo Camp က Barcamp ကနေ ဆင်းသက်လာပြီး မည်သူမဆို လွတ်လပ်စွာ ဓာတ်ပုံပညာကို ဆွေးနွေးပြောနိုင်ဖို့ ကျင်းပတာပါ၊ ဒီပွဲမှာ ဓာတ်ပုံပညာ အတွေ့အကြံုတွေ အသစ်အသစ်သော ဓာတ်ပုံပညာရပ် drone, 360° VR တွေ၊ နည်းစနစ်အသစ်တွေ အကြောင်းကို လက်ဆင့် ကမ်းတာ ဆွေးနွေးကြမှာဖြစ်ပါတယ် '' ဟု Photo Camp ပွဲစီစဉ်သူ ကိုမောင်လှက ပြောသည်။

Photo Camp ကို မန္တလေးမြို့တွင်  ၂၀၁၁ ခုနှစ်က စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုတိယ အကြိမ် ကျင်းပခြင်းဖြစ်ရာ မြန်မာနိုင်ငံတွင် မန္တလေးမြို့ တစ်မြို့တည်းတွင်သာ ကျင်းပနေခြင်း ဖြစ်သည်။

ဓာတ်ပုံဆိုသည်မှာ အတ္ထုပ္ပတ္တိ၊ ဖြတ်သန်းမှု၊ အဖြစ်အပျက်၊ သမိုင်းအချက်အလက်၊ အလွမ်းဝေဒနာ၊ ခံစားမှု ရသဖြစ်ရာ နောင်တစ်ချိန်တွင် အမှတ်တရ၊ မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့မည် ဓာတ်ပုံများ အကြောင်း ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်၍ PhotoCamp Mandalay 2017 ကို ကျင်းပခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် နယ်ပယ် ကဏ္ဍသီးသီး၏ ပညာရပ်ပိုင်း နှင့် နည်းပညာပိုင်းဆိုင်ရာ ကမ့် (Camp)များ ကို နှစ်လ တစ်ကြိမ် ကျင်းပနိုင်ရန် A Team အဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly