ဆောက်​လက်စအလုံ​စျေး​၌ ဆိုင်​ခန်​းများအားလုံးကို မြေညီထပ်​​နေရာ​ပေးရန်​ ဆုံးဖြတ်

ဆောက်​လက်စအလုံ​စျေး​၌ ဆိုင်​ခန်​းများအားလုံးကို မြေညီထပ်​​နေရာ​ပေးရန်​ ဆုံးဖြတ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်​ကုန်​၊သြဂုတ်​၁၉ ။         ။ အလုံ​စျေး ​ဆောက်​လုပ်​မှုကို စျေးသူ​စျေးသားများ​တောင်​းဆိုချက်​အတိုင်​း ဆိုင်​ခန်​းအားလုံး​ကို​မြေညီထပ်​၌ ​နေရာချထား​ပေးရန်​ အစီစဉ်​ပြန်​ဆွဲထား​ကြောင်​း အလုံမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​အမတ် ဦးရဲလွင်​က​ ပြောသည်​။

လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ မြို့​တော်​ဝန်​နှင်​့ ရန်​ကုန်​မြို့​တော်​စည်​ပင်​တို့ ​ယ​နေ့သြဂုတ်​ ၁၉ ရက်​၌ တွေ့ဆုံညှိနိူင်​းခဲ့ကြပြီး​နောက်​ ယခုကဲ့သို့ ​စျေးသူ​စျေးသားများ​တောင်​းဆို​နေသည်​့ ​မြေညီထပ်​တွင်​ တစ်​စုတစ်​စည်​းတည်​းထား​ပေးရန်​ ဆုံးဖြတ်​ခဲ့ခြင်​းဖြစ်​သည်​။

"အားလုံး အဆင်​​ပြေသွားပါပြီခင်​ဗျား။  အခု သူတို့လိုချင်​တဲ့ ဆိုင်​ခန်​း​ပေါင်​း(၂၁၇)ခန်​းကို ​မြေညီထပ်​မှာ အကုန်​ပြန်​Plan(အစီစဉ်​)ဆွဲလိုက်​ပါပြီ"ဟု အလုံမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးရဲလွင်​က​ မဇ္စျိမကို​ ပြောသည်​။

မူလပုံစံတွင်​မူ အသား၊ငါး ကုန်​စိမ်​းဆိုင်​များကို ​မြေညီထပ်​၊ ကုန်​​ခြောက်​ဆိုင်​များကို ပထမထပ်​ စသည်​ဖြင်​့ စီစဉ်​ထားခဲ့သည်​။

ထို့အပြင်​ မူလပုံစံတွင်​ ကားပါကင်​ပါရှိခဲ့ပြီး ​ယခုလက်​ရှိပုံစံတွင်​ ဆိုင်​ခန်​း(၂၁၇)ခန်​းအား ​မြေညီထပ်​၌ထားရှိနိုင်​ရန်​ ကားပါကင်​အား ပြန်​ဖြုတ်​ခဲ့သည်​ဟု ပြည်​သူ့လွှတ်​​တော်​အမတ်​ဦးရဲလွင်က​ပြောသည်​။

အဆိုပါ အလုံ​စျေး​ ဆောက်​လုပ်​သည်​့ကိစ္စနှင်​့ပတ်သက်၍ ​​စည်​ပင်​နှင်​့ ​စျေးသူ​စျေးသား​တွေ သြဂုတ်လ ၁၅ ရက်​က ​ပဋိပက္ခဖြစ်​ပွားခဲ့သည်​။ ထို့နောက်​ ​ရန်​ကုန်​မြို့​တော်​ဝန်​ဦး​မောင်​​မောင်​စိုးက အလုံ​စျေး​ဆောက်​လုပ်​မှုကို ရပ်​နားထားခိုင်​းခဲ့သည်​။

ယခု လက်​ရှိအချိန်​တွင်​ ​စျေးသူ​စျေးသား​တောင်​းဆိုချက်​ဖြစ်​သည်​့ ​မြေညီထပ်​တွင်​ ​ဆိုင်​ခန်​းအားလုံး​နေရာရရှိ​ရေးကို လိုက်​​လျောကာ ​ဆောက်​လုပ်​သည်​့ပုံစံအား ပြန်​​ပြောင်​းလဲခဲ့ခြင်း ဖြစ်သည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly