အော့စ်ဘတ်နောက်ခံလူ ဘာဘာရာမန်ကိုခေါ်ယူရန် ချယ်လ်ဆီး သဘောတူညီမှုရ

အော့စ်ဘတ်နောက်ခံလူ ဘာဘာရာမန်ကိုခေါ်ယူရန် ချယ်လ်ဆီး သဘောတူညီမှုရ

သြဂုတ် ၁၁၊ လန်ဒန် ။          ။ ချယ်လ်ဆီးအသင်းသည် အော့စ်ဘတ်ဘယ်နောက်ခံလူ ဘာဘာရာမန်ကို ကနဦးပြောင်းရွှေ့ကြေးပေါင် ၁၄ သန်းဖြင့်ခေါ်ယူရန် သဘောတူ ညီမှု ရရှိခဲ့သည်။

ချယ်လ်ဆီးနှင့်အော့စ်ဘတ်အသင်းကြား ရက်သတ္တပတ်အတန်ကြာဆွေးနွေးခဲ့ကြပြီးနောက် ချယ်လ်ဆီးတွင် ရာဟင်ပွဲထွက်ခွင့်ရသည့်အပေါ်မူတည်ပြီး ပွဲ ၂၀ပြည့်တိုင်းပေါင် ၇၀၀,၀၀၀၊ ပွဲ ၁၀၀ပြည့်လျှင်ပေါင် ၃ ဒသမ ၅ သန်းထပ်ပေးရမည်ဖြစ်ရာ အသက် ၂၁ နှစ်အရွယ်ကစား သမား၏ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၂ သန်းနီးပါးထိရှိနိုင်မည်ဖြစ်သည်။

ဂါနာလက်ရွေးစင်နောက်ခံလူသည် ငါးနှစ်စာချုပ်ရန်သဘောတူခဲ့ခြင်းဖြစ်ပြီး ဆေးစစ်မှုခံယူရန် လန်ဒန်သို့ရောက်လာမည်ဖြစ်သည်။ ယင်းမှာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပြိုင်ဘက်မန်စီးတီး၊ အာဆင်နယ်နှင့်မန်ယူအသင်းတို့ကစားသမားသစ်ခေါ်ယူနေစဉ်တွင် ချန်ပီယံ အသင်းကိုအင်အားဖြည့်တင်းလိုသည့်နည်းပြမော်ရင်ဟိုအတွက် အင်အားမြှင့်တင်မှုတစ်ခုလည်းဖြစ်လာခဲ့သည်။

ဘာဘာကို ရိုးမားအသင်းအပြင် အာဆင်နယ်နှင့်မန်စီးတီးတို့ကလည်းစောင့်ကြည့်ခဲ့သော်လည်း ပရီးမီးယားလိဂ်အသင်းနှစ်သင်းမှာ ဈေးနှုန်း ကြောင့်ပြန်လည်စဉ်းစားသုံးသပ်ခဲ့ပြီး ကစားသမားကလည်း ချယ်လ်ဆီးအသင်းသို့သာပြောင်းချင်သည်ဟု ယူဆရသည်။

ဘယ်ခြေ၊ ညာခြေ နှစ်ခုစလုံးအသုံးပြုကစားနိုင်သည့် လျှင်မြန်သောနောက်ခံလူ ဘာဘာရာမန်သည် တိုက်စစ်ကိုလိုက်ပါကစားရခြင်းကို လည်းနှစ်သက်သူဖြစ်သည်။

လွန်ခဲ့သည့်တစ်နှစ်က ဂျာမန်ဒုတိယတန်းကလပ် ဂရုသာဖတ်မှ အော့စ်ဘတ်သို့ပေါင် ၂ သန်းဖြင့်ပြောင်းရွှေ့ခဲ့သည့် ဘာဘာရာဟင်သည် ပွဲဦးထွက်တွင် ဒေါ့တ်မွန်အသင်းဘက်သို့နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး ရာသီကုန်တွင် ဘောလုံးဖျက်ထုတ်မှု ၁၀၉ ကြိမ်ဖြင့် ဘွန်ဒက်စ်လီဂါတွင် အများဆုံးဖျက်ထုတ် နိုင်သူဖြစ်ခဲ့သည်။

ချယ်လ်ဆီးနည်းပြမော်ရင်ဟိုသည် အပြောင်းအရွှေ့ဈေးကွက်ပိတ်မည့် စက်တင်ဘာ ၁ ရက်မတိုင်မီတွင် ကစားသမားအင်အားထပ်ဖြည့်လို နေသည်။ တတိယအကြိမ်ကမ်းလှမ်းမည့် ပေါင်သန်း ၃၀ ကိုအဲဗာတန်အသင်းက ငြင်းဆန်ရန်အသင့်ရှိနေသည့်တိုင်အောင် ဂျွန်စတုန်းမှာ မော်ရင်ဟို၏ ပစ်မှတ်ကစားသမားဖြစ်နေဆဲ ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly