သြဂုတ် ၁၉ ရက်နံနက်ပိုင်းအထိ ဆီးဂိမ်းစ်တွင် မြန်မာ ဆုတံဆိပ် ၃ခုသာ ရရှိထား

သြဂုတ် ၁၉ ရက်နံနက်ပိုင်းအထိ ဆီးဂိမ်းစ်တွင် မြန်မာ ဆုတံဆိပ် ၃ခုသာ ရရှိထား

သြဂုတ် ၁၉၊ ရန်ကုန်။             ။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်နေသော ၂၀၁၇ဆီးဂိမ်းစ်အားကစားပြိုင်ပွဲတွင် သြဂုတ်လ ၁၉ရက်(ယနေ့) နံနက်ပိုင်းအထိ မြန်မာအားကစားအဖွဲ့မှာ ဆုတံဆိပ် ၃ခုသာ ရရှိထားသေးသည်။

မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ခြင်းလုံးအားကစားနည်းမှ စတင်ရယူပေးနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ခြင်းလုံးအားကစားနည်းမှ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိထားသည်။ ထို့အပြင် မြှားပစ်အားကစားနည်းမှလည်း Mixed Team Compound အမျိုးအစားတွင် ဗိုလ်လုပွဲ၌ အိမ်ရှင်မလေးရှားကို ရှံုးပြီး ဒုတိယငွေတံဆိပ် ရရှိခဲ့သည်။

သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းအထိ ဆုတံဆိပ်ရရှိမှုဇယားတွင် အိမ်ရှင်မလေးရှားအသင်းက ဆုတံဆိပ် ၁၅ခုဖြင့် ပထမ၊ စင်ကာပူက ဆုတံဆိပ် ၈ခုဖြင့် ဒုတိယ၊ အင်ဒိုနီးရှားက ဆုတံဆိပ် ၆ခုဖြင့် တတိယ၊ မြန်မာက ဆုတံဆိပ် ၃ခုဖြင့် စတုတ္ထ၊ ထိုင်းက ဆုတံဆိပ် ၅ခုဖြင့် ပဥ္စမနေရာများတွင် အသီးသီးရပ်တည်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly